Home
သတင်းဓာတ်ပုံ
ရန်ကုန်လမ်းမများပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး “ကားပျက်ရပ်” ကမ်ပိန်းပြုလုပ်
DVB
·
February 17, 2021
Untitled4
Untitled3
Untitled2
Untitled
received_3412091845683120
received_2856768501249762
received_1766016406908280
received_853410948549453
received_730300584343174
received_421124978977550
received_336586194364575
CopyCop
CopyCo
151934151_171617604529670_6191275409897867686_n
151758366_266254088203777_1819430487756198918_n
151752926_3862840990472726_27648141998961276_n
151176049_3767246136673171_7903238011799565808_n
150941551_3767245746673210_4624294043238376833_n
150210588_3767245666673218_2942475370798673041_n

ရန်ကုန်မြို့ပေါ်လမ်းမတွေပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက် မနက် အစောပိုင်းလောက်ကတည်းက ကားတွေပျက်နေတယ်ဆိုပြီး ရပ်ထားတာကို တွေ့ရပါတယ်။ 

ရန်ကုန်မြို့ရဲ့ အဓိကလမ်းမကြီးတွေ၊ လမ်းဆုံလမ်းခွတွေ၊ တံတားတွေပေါ်မှာ ရပ်ထားတဲ့ ကားတွေထဲမှာ အိမ်စီးကားတွေ၊ တက္ကစီအငှားကားတွေသာမက YBS ဘတ်စ်ကားကြီးတွေပါ တွေ့ရပြီး  တချို့ကားတွေကတော့  စက်ဖုံးတွေ ဖွင့်ကာ ရပ်ထားကြတာဖြစ်ပါတယ်။ အဲ့ဒီလို ကားပိတ်ဆို့မှုတွေနဲ့အတူ ဆန္ဒပြသူတော်တော်များများလည်း လမ်းတွေပေါ်မှာ ရှိနေပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သွားရာလမ်းဖြစ်တဲ့ စက်မှု ၁ လမ်းနဲ့ ရန်ကင်းလမ်းထောင့်၊ ဦးချစ်မောင်လမ်း၊ လှည်းတန်း၊ အင်းစိန်လမ်းမကြီး၊ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဆူးလေဘုရားလမ်းနဲ့ မဟာဗန္ဓုလတံတားပေါ်မှာ ကားပျက်တယ်ဆိုပြီး ကားတွေ အများအပြားရပ်တန့်ထားကြပါတယ်။

အဲ့ဒီလို ကားတွေရပ်ပြီး ပိတ်နေတာကို ရဲတပ်ဖွဲ့က လာရောက်ကြည့်ရှုပြီး ကားနံပါတ်တွေကို မှတ်တမ်းယူသွားတာလည်း တွေ့ရပါတယ်။  လမ်းတချို့မှာတော့ စက်ဘီးတွေနဲ့ အနှေးယာဉ်ဆိုက်ကားတွေ ရပ်ပြီး လမ်းပိတ်ထားတာ တွေ့ရပါတယ်။

အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မြို့မှာ  သန်းနဲ့ချီတဲ့ ပြည်သူလူထုတွေက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024