မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်ကို ချမ်းအေးသာစံမြို့နယ်ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာမြင့်က တရားလိုလုပ်ပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) နဲ့ အမှုဖွင့် တရားစွဲလိုက်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့က ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ရှေ့နေပါဝါတင်တဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်ခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လက်အောက်ရှိ နိုင်ငံ့ဝန်ထမ်းတွေကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အစိုးရသစ် ဖွဲ့စည်းပြီးချိန်အထိ ရုံးပိတ်ရက်အဖြစ် သတ်မှတ်တယ်လို့ တိုင်းဝန်ကြီးချုပ် ကိုယ်စား ဝန်ကြီးဦးမျိုးသစ်က လက်မှတ်ရေးထိုးပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့ က ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီထုတ်ပြန်ချက်ကြောင့် ဖမ်းဆီးတရားစွဲခဲ့တာဖြစ်တယ်လို့ ဝန်ကြီးဦးမျိုးသစ် ဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးမျိုးဆွေက ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ မနက်ဖန် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ဆက်လက်စစ်ဆေးမယ်လို့ သိရပါတယ်။
နိုင်လင်းဦး