Home
မြန်မာသတင်း
မန္တလေးမြန်မာ့စီးပွားရေးဘဏ်ခွဲအနီး ဆန္ဒပြသူများကို စစ်တပ်နှင့်ရဲက ပစ်ခတ်ဖမ်းဆီး
DVB
·
February 15, 2021
151256368_1318074518578365_8825014138734649283_o
150539541_1318074605245023_1359006865107622734_o
150453139_1318074688578348_2771042577693686861_o
150446719_1318074665245017_4984335215094801431_o

မန္တလေးမြို့ ၂၆ လမ်း ၈၂ လမ်းထောင့်ရှိ မြန်မာ့စီးပွားရေးဘဏ် (မန္တလေးဘဏ်ခွဲ - ၁) အနီးမှာ  ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို  ဖေဖော်ဝါရီ ၁၅ ရက် ညနေမှာ  စစ်တပ်နဲ့ ရဲ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်လူစုခွဲပြီး အကြမ်းဖက် ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။ 

ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ် လူစုခွဲရာမှာ ဒဏ်ရာရသူတချို့ရှိခဲ့ပြီး အများအပြား ဖမ်းဆီးခံခဲ့ရတယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ မျက်မြင်လူငယ်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်လူစုခွဲရာမှာ ဒဏ်ရာရသူတချို့ရှိခဲ့ပြီး အများအပြား ဖမ်းဆီးခံခဲ့ရတယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ မျက်မြင်လူငယ်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“လူအုပ်ရှိနေတဲ့နေရာကို ကားတွေနဲ့ ဝင်ချလာပြီးတောက်လျှောက် ပစ်တော့တာ၊ အဲလိုပုံစံမျိုး၊ ပြီးတော့ကျ အများကြီးလည်း အဖမ်းခံရတယ်။ အများကြီး ဒဏ်ရာရတယ်။  တစ်ချို့ ကောင်မလေးတွေဆို ပြေးနေရင်းနဲ့ အရိုက်ခံလိုက်ရတာ  မေ့လဲသွားတဲ့ကောင်မလေးတွေ ရှိတယ်။”

စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြလူအုပ်စုတွေဟာ အနီးအနားက နေအိမ်တွေမှာ ထွက်ပြေး ခိုလှုံခဲ့ရတဲ့ အကြောင်းနဲ့ အိမ်တွေဘက်ကို ပစ်ခတ်မှုကြောင့် ပုန်းခိုနေသူတချို့ ရာဘာကျည်ဆန်ထိမှန်ခဲ့တယ်လို့လည်း အဆိုပါ လူငယ်က ပြောပါတယ်။ 

“လူတွေထဲကိုစပြီးတော့ ပစ်တော့တာပဲ ရာဘာကျည်နဲ့စပြီးတော့ ပစ်တော့တာပဲ ကျနော့်မျက်လုံးထောင့်မှာ မြင်လိုက်ရတာက သေနတ်က စနိုက်ပါလိုသေနတ်မျိုးကြီးတွေ ပြောင်းကတော့ ပြောင်ပြောင်လက်လက် ခပ်ရှည်ရှည် လေအိုးလိုဟာပါတယ်နဲ့တူတယ်။ ရာဘာကျည်နဲ့ ပစ်လိုက်တယ်နဲ့ တူတယ် ကျနော်လည်းကံကောင်းလို့မထိတာဗျ။ အဲလိုမျိုးသူတို့ပစ်တယ်။ နောက်လေးခွတွေလည်း ပါတယ်ဗျ။ ကျနော်က အနားကအိမ်တစ်အိမ်ထဲကို ပြေးပြီးဝင်လိုက်တယ်။ အဲဒီအိမ်က ဘာဂျာတံခါးရှိတယ်။ အိမ်ရှင်က သော့ခတ်လိုက်တယ်။  ဒါပေမဲ့ ဘာဂျာတံခါးထဲကနေ ကျည်ဆန်တစ်ခုက ဝင်လာတယ်။ အဲနားက အဒေါ်ကြီးတစ်ယောက်ရဲ့ မျက်ခုံးကို မှန်သွားတယ်။ ဘယ်ဘက်မျက်ခုံးရဲ့ အပေါ်ပေါ့ ပေါက်သွားတယ်။ သွေးတွေ ထွက်တယ်။ ကျနော်တို့ ပိတ်မိနေတဲ့သူတွေ အထဲမှာ တစ်ယောက်က ဘယ်ဘက် ခြေမျက်စိနားလေးကို ရာဘာကျည်ထိထားတယ်နဲ့တူတယ် အသားစလန်ပြီး သွေးတွေစီးကျနေတယ်။  ”

ဒဏ်ရာရသူအရေအတွက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူ အရေအတွက် ဘယ်လောက်ရှိလည်းဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024