ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ဝန်ထမ်းတွေ ခြိမ်းခြောက်ခံနေရပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး စစ်အာဏာရှင်ဆန့်ကျင်ရေး ၆ ရက်မြောက်နေ့ အရှိန်အဟုန်မြှင့် ဆက်လက် ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။
CDM မှာ ပါဝင်တဲ့ ဗန်းမော်မြို့က ဝန်ထမ်းတွေ၊ ဆန္ဒပြပွဲဦးဆောင်သူတွေကို ညအချိန် စစ်တပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိပေမယ့် ပြည်သူတွေက သံပုံးတီး ဝန်းရံကြတာကြောင့် ဒီနေ့အထိ ဖမ်းမမိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့ကတည်းက ဖမ်းဆီးသွားတဲ့ ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသာဗျောကိုလည်း ခုအချိန်ထိ ဘယ်မှာ ဖမ်းထားတယ်ဆိုတာ မသိရေးသေးဘူးလို့ မိသားစု၀င်တွေက ပြောပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေပိုင်းက စတင်ပြီး ဗန်းမော်က သစ်တောရုံး၊ ဆောက်လုပ်ရေးရုံး၊ ပညာရေးရုံး၊ စုပေါင်းရုံးရှိတဲ့ မိန်းလမ်းမကြီးထိပ်နှစ်ဘက်ကို သံဆူးကြိုးတွေနဲ့ ကာရံပြီး ပိတ်ဆို့ထားကာ လုံခြံရေးတွေက ညမထွက်ရအမိန့်ဖောက်ဖျက်သူတွေကို လိုက်လံဖမ်းဆီးတာတွေ ရှိနတယ်လို့ သိရပါတယ်။
ဇော်လင်းအောင်