ကသာမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဝန်ထမ်းနှင့်ပြည်သူသောင်းချီ ဆန္ဒပြ
DVB
·
February 13, 2021
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ကသာမြို့မှာ ဖေဖော်ဝါရီ ၁၃ ရက် မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြခဲ့ကြပြီး ဝန်ထမ်းတွေနဲ့ ပြည်သူအင်အား သောင်းချီ ပါဝင်ခဲ့ကြပါတယ်။
ကသာမြို့ မဟာလေးထပ်ကျောင်းကနေ မြို့တွင်းလှည့်လည်ခဲ့ပြီး စစ်အာဏာရှင်အစိုးရ အလိုမရှိ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ပြည်ထောင်စု လွှတ်တော်ခေါ်ယူရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပြီး မနက် ၁၀ နာရီခွဲမှာ လူစုခွဲခဲ့ကြပါတယ်။
ကိုကိုလင်း(အင်းတော်)