Home
မြန်မာသတင်း
ရန်ကုန်တိုင်းရွေးကော်တာဝန်ရှိသူအားလုံးကို ဘုရင့်နောင် စစ်ကြောရေးတွင် ထိန်းသိမ်းထား
ဇေယျာချမ်းအေး
·
February 12, 2021
15781478_1881415978756247_6457488778630351407_n

ရန်ကုန်တိုင်းအတွင်းက ကိုကိုးကျွန်းမပါ ၄၄ မြို့နယ်က ကော်မရှင်ဥက္ကဋ္ဌတွေနဲ့ အတွင်းရေးမှူး အားလုံး ၈၈ ဦး၊ တိုင်းအဆင့် တာဝန်ရှိသူ ၁၀ ဦး စုစုပေါင်း ၉၈ ဦးကို ဘုရင့်နောင်တပ်မတော်စစ်ကြောရေးမှာ ထိန်းသိမ်းတယ်လို့ အနောက်ပိုင်းခရိုင်ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းကပြောပါတယ်။ 

“သူတို့ကတော့ဖမ်းတာမဟုတ်ဘူးလို့ ပြောပါတယ်။ သူတို့နဲ့ပူးပေါင်းဖို့လည်း ပြောပါတယ်။” 

ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ ခရိုင်လေးခုက ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတွေကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဆွေးနွေးစရာရှိတယ်ဆိုပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့လယ် ၁၁ နာရီက ဆင့်ခေါ်ခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း အိမ်ပြန်မပို့တော့ပဲ ဘုရင့်နောင်စစ်ကြောရေးမှာ ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

နိုင်ငံတဝန်း၊ တိုင်းနဲ့ပြည်နယ်အသီးသီးက ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေကိုလည်း ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညပိုင်းကစပြီး စစ်တပ်က ထိန်းသိမ်းစစ်ဆေးတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူတာဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ မဲဆန္ဒရှင်စာရင်းမှားယွင်းတာတွေကြောင့်လို့ အကြောင်းပြထားပါတယ်။ အာဏာသိမ်းပြီးနောက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်ကိုလည်း စစ်တပ်က ပြန်လည်ဖွဲ့စည်းထားပါတယ်။

သတင်း - ဇေယျာချမ်းအေး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024