Home
မြန်မာသတင်း
တိုကျိုကုလသမဂ္ဂရုံးရှေ့တွင် ဂျပန်ရောက်မြန်မာများ မီးတိုင်ထွန်းဆန္ဒပြ
ဇော်ဇော်လှိုင်
·
February 11, 2021
148867221_10225466665431532_8501242778780353877_n
148795119_10225466666231552_1026500379722808884_n
148620606_10225466661071423_3995282443618186675_n
148601002_10225466660831417_5840350040878625918_n
148106880_10225466666671563_2610752734964368430_n
147932465_10225466661591436_2737553621165655795_n
147843986_10225466666151550_1005186981378753769_n
147395124_10225466665511534_6369069672625855403_n

စစ်အာဏာသိမ်းမြန်မာစစ်တပ်ကို အမြန်ဆုံးအရေးယူပေးဖို့ ဂျပန်ရောက်မြန်မာနိုင်ငံသား၂၀၀၀ လောက်က တိုကျိုမြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ ဒီကနေ့ ညပိုင်းက မီးထွန်းဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

တိုကျိုမြို့တော်အနီးတဝိုက်က လူငယ်အများအပြားလာခဲ့ကြပြီး မီးတိုင်များထွန်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသီချင်းများကြွေးကြော်ခဲ့ကြပါတယ်။

ယိုကိုဟားမားမြို့မှာနေထိုင်သူ ဂျပန်တက္ကသိုလ်ကျောင်းသူ တဦးဖြစ်တဲ့ မဥမ္မာစိုးက “ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ဖမ်းဆီးထားသူတွေ အမြန်လွှတ်မြောက်ပါစေလို့ ဆုတောင်းရင်း မြန်မာစစ်တပ်ကိုဆန့်ကျင်တာမှာ အမိမြန်မာပြည်က ပြည်သူတွေနဲ့ တသားတည်းရှိတာ ပြသချင်လို့ပါ လာရောက်ဆန္ဒပြတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

  စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ညနေ ၆ နာရီမှ ည၉နာရီအထိ ၂ ရက်ပြုလုပ်မှာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024