Home
မြန်မာသတင်း
လားရှိုး ဆန္ဒပြပွဲတွင် ပါဝင်သည့် လူငယ် ၂ ဦး ဖမ်းဆီးခံရ
ခွန်ဇော်ဦး
·
February 11, 2021
148923646_2794334717490453_843095541404949087_n

စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်းဆန္ဒပြခဲ့ကြတဲ့ လူစုလူဝေးအတွင်းမှာပါဝင်ခဲ့တဲ့ လားရှိုးမြို့က လူငယ် ၂ ဦးကို မနေ့ညပိုင်းက နေအိမ်မှာ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ကာယကံရှင်မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ် ၂ ဦးဟာ ကိုမင်းခန့်ကျော်နဲ့ ကိုထက်အာဏာလင်းတို့ဖြစ်ပြီး သဘာဝဘေးန္တရာယ်ဆိုင်ရာပုဒ်မ (၂၅)နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်ဝန်ကြီး ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း NLD ပါတီ အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးမျိုးနိုင်ဦး(ခ)ကိုမျိုး၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့က NLD ပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးဆိုင်ခွက်၊ အတွင်းရေးမှူးဦးအောင်ကိုဝင်း၊ လားရှိုးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစိုင်းဇော်မင်း၊ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်း၊ မြန်မာရတနာရွှေခေတ်ကုမ္ပဏီပိုင်ရှင် ဦးစိုင်းဘိုဘို၊ မိုင်းရယ်မြို့က ကိုစိုင်းကျော်တို့ကိုလည်း ထိန်းသိမ်းထားပါတယ်။

အခုလို ဖမ်းဆီးထိန်းသိမ်းတာတွေရှိနေပေမယ့်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက မြို့ကြီးတွေမှာတော့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ ဆက်တိုက်ဆောင်ရွက်နေပါတယ်။

ခွန်ဇော်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024