Home
မြန်မာသတင်း
ပြင်ဦးလွင်မြို့တွင် ဆန္ဒပြပွဲ ဦးဆောင်သူအချို့ ဖမ်းဆီးခံရ
DVB
·
February 11, 2021
147940693_2017892191699757_5518227187104821232_n

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဦးဆောင်သူတချို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပေမယ့် ဆန္ဒထုတ်ဖော်ပွဲကို ဒီနေ့ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

ပြင်ဦးလွင်မြို့မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲက ဦးဆောင်သူတစ်ချို့နဲ့ ကျောင်းသား တစ်ချို့ကို ရဲနဲ့စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

မနေ့ညက ထိန်းသိမ်းခံခဲ့ရတဲ့ ဦးဆောင်သူတစ်ချို့နဲ့ ကျောင်းသားတချို့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာ လက်ရှိအချိန်ထိ မသိရသေးဘူးလို့ ဆန္ဒဖော်ထုတ်သူတွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြပွဲတွေကို နေ့စဉ်ကျင်းပနေပြီး ဒီနေ့မှာလည်း အင်အား သောင်းချီ ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

နွယ်နီတင်မောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024