ကချင်ပြည်နယ် မိုးညှင်းမြို့မှာ အာဏာသိမ်းစစ်အစိုးရ အလိုမရှိကြောင်း စစ်ဆန္ဒပြပွဲတွေ ဆက်လက်ကျင်းပနေပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မပါသေးတဲ့ ဌာနတွေ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
မိုးညှင်းမြို့နေ ဆရာဝန်တဦးက "ကျန်နေသေးတဲ့ဌာနတွေလည်း CDM ဆန္ဒပြဖို့ လာရောက်ပူးပေါင်းပါဝင်စေချင်တယ်” လို့ ပြောပါတယ်။
မိုးညှင်းမြို့ အာဏာသိမ်းစစ်အစိုးရ အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ပွဲ တတိယမြောက်နေ့မှာ ကျန်းမာရေးဝန်ထမ်းအလွှာစုံ၊ မြန်မာ့မီးရထားနဲ့ ဌာနပေါင်းစုံ ပြည်သူတွေ သိန်းချီပါဝင်လာကြပါတယ်။
အထူးကုဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းအလွှာစုံ၊ မြန်မာ့မီးရထား၊ ရှေ့နေတွေ၊ ပညာရေးဝန်ကြီးဌာန ဆရာဆရာမနဲ့ ဝန်ထမ်းတွေ၊ တိုင်းရင်းသားအဖွဲ့တွေ၊ ပုဂ္ဂကဘဏ်ဝန်ထမ်းတွေ လျှပ်စစ်ဝန်ထမ်းတွေ၊ LGBT အဖွဲ့တွေ ကျေးရွာပေါင်းစုံက ပြည်သူတွေ စုစုပေါင်းအင်အား ၁ သိန်းလောက် ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။
၃ ရက်မြောက် ဆန္ဒပြပွဲမှာ ခေါင်းဆောင်မရှိဘဲ အဖွဲ့ငယ်များစွာ နေရာစုံက ပူးပေါင်းကာ ပါဝင်ခဲ့ကြပြီး ၂ ရက်မြောက်နေ့မှာ ဆန္ဒပြပွဲတုန်းက ရဲတပ်ဖွဲ့က ခဏတာ လမ်းပိတ်ဆို့မှု ဖြစ်ခဲ့ပါတယ်။
မုန်းမုန်းမင်း