မြန်မာ-ယန်စီနှင့် မြန်မာ-ဝမ်ပေါင် အလုပ်သမားများ ဆက်လက်ဆန္ဒပြ
DVB
·
February 10, 2021
စစ်အာဏာရှင်အလိုမရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ မြန်မာ-ယန်စီ နဲ့ မြန်မာ-ဝမ်ပေါင် အလုပ်သမားတွေဟာ ဖေဖော်ဝါရီ ၁၀ နေ့ မနက်ပိုင်းမှာ ဆက်လက်ဆန္ဒပြနေကြပါတယ်။
အလုပ်သမားတွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်ထားကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးခံထားရသူအားလုံး ပြန်လွှတ်မပေးမချင်း ဆက်လက်ဆန္ဒထုတ်ဖော်သွားကြမယ်လို့ သိရပါတယ်။