သာသနာရေးရာနှင့် ဝိနိစ္ဆယဌာနခွဲကနေ လူမရှိဘဲ လက်မှတ်အတုနဲ့ ကုလသမဂ္ဂကို လိမ်လည်ဖို့ ကြိုးစားနေပြီး တိုင်းနဲ့ပြည်နယ်ရုံးတွေမှာ သာသနာရေးဝန်ထမ်းတွေကို ရုံးတက်ဖို့ ဖိအား ပေးနေတယ်လို့ ဝန်ထမ်းတဦးက ပြောပါတယ်။
သာသနာရေးနှင့် ဝိနိစ္ဆယဌာနခွဲက မနေ့ညက ပို့လိုက်တဲ့စာမှာ သာသနာရေးဝန်ကြီးဌာန ကြီးကြပ်မှုလက်အောက်ရှိ ဝန်ထမ်းအားလုံး မပျက်မကွက် ရုံးတက်ကြဖို့၊ မိမိအလုပ်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ဖို့၊ အခုဖြစ်ပေါနေတဲ့ ဆန္ဒပြမှုတွေ၊ သွေးထိုးလှုပ်ဆော်မှုတွေမှာ ဝန်ထမ်းတွေ ပါဝင်ပတ်သခြင်းမပြုဖို့ ရေးသားထားပါတယ်။
အထက်ပါညွှန်ကြားချက်ကို သိရှိလိုက်နာဆောင်ရွက်ကြဖို့နဲ့ ကြီးကြပ်မှုအောက်ရှိ ဌာနစုတွေ၊ ခရိုင်သာသနာရေးမှူးရုံးတွေနဲ့ မြို့နယ်သာသနာရေးရုံးတွေကို ဆက်လက်ညွှန်ကြားသွားဖို့ ညွှန်ကြားရေးမှူးကိုယ်စား ကျော်လွင် (ညွှန်ကြားရေးမှူး) နာမည်နဲ့ အကြောင်းကြားထားပါတယ်။