မြန်မာ့မီးရထားဝန်ထမ်းများ သပိတ်မှောက်
ပီတာအောင်
·
February 9, 2021
စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ပြုလုပ်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) မှာ ရန်ကုန်မြို့က မီးရထားဝန်ထမ်းတွေလည်း ပူးပေါင်းပါဝင် သပိတ်မှောက်နေကြပါတယ်။
အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ နိုင်ငံတဝန်းက ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဆရာမတွေ၊ ဘဏ်ဝန်ထမ်းတွေ၊ ရှေ့နေတွေ၊ မီးရထားဝန်ထမ်းတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ စတဲ့ ပြည်သူ့ဝန်ထမ်းတွေ ပူးပေါင်းပါဝင်ပြီး ဆန္ဒဖော်ထုတ်နေကြတာလည်း ဖြစ်ပါတယ်။