မီးရထားဝန်ထမ်းတွေ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တာကြောင့် ဧရာဝတီတိုင်းအတွင်းက ပုသိမ်-ကြံခင်းပြေးဆွဲနေတဲ့ မီးရထားတွေ ရပ်တန့်ထားရတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းအတွင်းက ပုသိမ်-ကြံခင်းပြေးဆွဲနေတဲ့ မီးရထားလမ်းပိုင်ရှိ ဘူတာအသီးအသီးက ဝန်ထမ်းတွေဟာ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့ကြတာကြောင့် ဒီနေ့မနက်ကစပြီး မီးရထားအားလုံး ရပ်တန့်သွားရတာပါ။
အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ နိုင်ငံတဝန်းက ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဆရာမတွေ၊ ဘဏ်ဝန်ထမ်းတွေ၊ ရှေ့နေတွေ၊ မီးရထားဝန်ထမ်းတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ စတဲ့ ပြည်သူ့ဝန်ထမ်းတွေ ပူးပေါင်းပါဝင်ပြီး ဆန္ဒဖော်ထုတ်နေကြတာလည်း ဖြစ်ပါတယ်။
သန်းထိုက်မြင့်