ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ကျွဲပွဲတိုက်နယ်ဆေးရုံ တာဝန်ခံ ဆရာဝန်ကို CDM ပြုလုပ်နေတဲ့ကိစ္စ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဲ့ရဲတပ်ဖွဲ့က ဒီနေ့မွန်းလွဲပိုင်းမှာ လာရောက်ဖိအားပေးခဲ့ပေမယ့် ပြည်သူက လာရောက်ဝန်းရံတာကြောင့် ပြန်ထွက်သွား ကြတယ်လို့ သိရပါတယ်။
တာဝန်ခံဆရာဝန် ဒေါက်တာဇော်ပိုင်က “ကျနော်တို့ကို CDM ဆက်လုပ်မယ်ဆို အရေးယူမယ် ထွက်ခိုင်းမယ်ဆိုတဲ့ ပုံသဏ္ဌာန်နဲ့ရောက်လာပြီး ဖိအားပေးခဲ့ပါတယ်။ ဒေသခံ ပြည်သူတွေလာပြီး ဝန်းရံတော့ ပြန်ထွက်သွားကြပါတယ်” လို့ ပြောပါတယ်။
တောင်ငူခရိုင် အတွင်းမှာ ဌာနဆိုင်ရာအချို့ကလည်း အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ ာဝန်ဝတ္တရားတွေမထမ်းဆောင်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်နေပြီး တက္ကသိုလ်အချို့ကိုလည်း တာဝန်ရှိသူအချို့က လာရောက်မေးမြန်းတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။