Home
သတင်းဓာတ်ပုံ
မြစ်ငယ် လူစီးတွဲနှင့်ကုန်တွဲစက်ရုံ အလုပ်သမား ၅၀၀ ခန့် အလုပ်မဆင်းဘဲ သပိတ်မှောက်
DVB
·
February 8, 2021
Myit Nge Train Factory protest 1
Myit Nge Train Factory protest 2
Myit Nge Train Factory protest 3
Myit Nge Train Factory protest 4
Myit Nge Train Factory protest 5

အာဏာသိမ်းစစ်အစိုးရအား ကန့်ကွက်ဆန့်ကျင်တဲ့အနေနဲ့ မြစ်ငယ် လူစီးတွဲနဲ့ ကုန်တွဲစက်ရုံက အလုပ်သမား ၅၀၀ နီးပါးဟာ ဒီနေ့မနက်ပိုင်းကစပြိး အလုပ်မဆင်းတော့ကြောင်း ကြေညာပြီး စက်ရုံကို လှည့်လည်သပိတ်မှောက်နေကြပါတယ်။

တာဝန်ခံအရာရှိတဦးက “ကျနော်တို့တတွေဟာ ခေါင်းဆောင်သူ မရှိပါဘူး။ အားလုံးက ခေါင်းဆောင်းတွေပါ၊ အခု သပိတ်မှောက်ရတာဟာ အလုပ်ထွက်ကြတာမဟုတ်ပါဘူး။ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်ကြတာပါ။ စက်ရုံထဲက ဝန်းထမ်းအားလုံးရဲ့ သဘောထားက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ စစ်အာဏာရှင်လက်အောက်မှာ လက်ရှိ တာဝန်တွေကို ဆက်လက်ထမ်းဆောင်လို့ စိတ်မရှိတော့တာရယ်၊ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကို ပြန်လည်ခေါ်ယူပေးဖို့ စစ်အာဏာရှင်ကို အလိုမရှိလို့ ကျနော်တို့ စက်ရုံလုပ်သားတွေက အလုပ်မဆင်းတော့ဘဲ သပိတ်မှောက်ကြတာ” လို့ DVB ကို ပြောပါတယ်။

အလုပ်သမား ၅၀၀ နီးပါးဟာ စက်ရုံနယ်မြေအတွင်း မနက် ၈ နာရီက စတင်ပြီး တပတ်လှည့်လှည်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့် အမြန်ဆုံးလွှတ်ပေးရေး၊ ရွေးကောက်ပွဲကို အသိအမှတ်ပြုပေးရေး၊ စစ်အာရှင်အလိုမရှိ၊ ပြည်သူလုထုနဲ့ ပူးပေါင်းရေး စတဲ့ ကြွေးကြော်သံတွေနဲ့ သပိတ်မှောက်ခဲ့ကြပါတယ်။

အောင်အောင်နိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024