မန္တလေးလေးတိုင်း ဒေသကြီး မိုးကုတ်မြို့နယ်မှာ ဖေဖော်ဝါရီ ၄ ရက်နေ့ည ၈ နာရီက သံပုံးတီးတာကြောင့် အသက် ၁၅ နှစ်အရွယ် လူငယ်တဦး ဖမ်းခံရပြီး ပြန်လွတ်မြောက် လာပါတယ်။
လာဖမ်းသူတွေက ရဲနဲ့စစ်သားတွေဖြစ်ပြီး တိုင်တဲ့သူရှိတာကြောင့် ဖမ်းဆီးတာလို့သိရပြီး မေးမြန်းချိန်မရှိဘဲ ခေါ်သွားတာလို့ သိရပါတယ်။
သံပုံးတီးတာကြောင့် ဖမ်းဆီးခံရတဲ့ ၁၅ နှစ်အရွယ် လူငယ်ကို နာရီပိုင်းအကြာမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ မိုးကုတ်မြို့မှာ တမြို့လုံးသံပုံးတီးကြပြီး ကန့်ကွက်ခဲ့ရာမှာ တောင်နံရံတွေမှာပါ ပဲ့တင်သံတွေ ထပ်နေခဲ့ပါတယ်။