အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ခေါ်ယူကျင်းပခဲ့တဲ့အပေါ် ရန်ကုန်မြို့နေ ပြည်သူလူထုတွေက ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက် ညနေ ၅ နာရီမှာ လက်ခုပ်တီးပြီး အားပေးထောက်ခံခဲ့ကြပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေဟာ သူတို့နေထိုင်တဲ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာပဲ ဒီကနေ့မနက် တတိယအကြိမ် လွှတ်တော်ခေါ်ယူ ကျင်းပခဲ့ကြတာပါ။
စစ်အာဏာသိမ်းမှုကို လက်မခံဘဲ စည်ပင်ဧည့်ရိပ်မှာကျန်ရှိနေတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် ၁၀၀ ဝန်းကျင်က လွှတ်တော်ခေါ်ယူကျင်းပပြီး "ကတိသစ္စာပြုလွှာ" လက်မှတ်ရေးထိုးကာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။
တပ်မတော် အာဏာသိမ်းတဲ့မှုကိုတော့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့နဲ့ နေပြည်တော်အပါအဝင် မြို့အတော်များများမှာ ပြည်သူလူထုတွေက ည ၈ နာရီအချိန်မှာ သံပုံးတီးကမ်ပိန်းပြုလုပ်ပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။