Home
မြန်မာသတင်း
အာဏာသိမ်းမှုကိုလက်မခံဘဲ အန်အယ်လ်ဒီ ကိုယ်စားလှယ်များ လွှတ်တော်စတင်ခေါ်ယူ
Aung Aung Naing
·
February 4, 2021
145585840_2968885403342627_8843619043199436359_n
145239902_2968885273342640_5954721847074578243_n
144970268_2968885313342636_9028419048992155314_n
144591645_2968885373342630_8419962258855346471_n
144204518_2968885343342633_1992665924159719112_n
144755211_2968885246675976_6958626257359957754_n

၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရ  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေဟာ သူတို့နေထိုင်တဲ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာပဲ လွှတ်တော်ခေါ်ယူ ကျင်းပခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှုကို လက်မခံဘဲ စည်ပင်ဧည့်ရိပ်မှာ ကျန်ရှိနေတဲ့ ရွေးကောက်ခံကိုယ်စားလှယ် ၁၀၀ ဝန်းကျင်က လွှတ်တော်ခေါ်ယူတဲ့ ပထမဆုံးနေ့မှာ ပြုလုပ်လေ့ရှိတဲ့ "ကတိသစ္စာပြုလွှာ" ကို ဒီကနေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ကျန်ရှိနေသေးတဲ့ အမတ်တွေကိုလည်း အွန်လိုင်းကနေ ကတိပြုလွှာအတွက် လက်မှတ်တွေကို ကောက်ယူသွားဖို့ လုပ်ဆောင်နေတယ်လို့ အဲဒီမှာရှိတဲ့ ဖားကန့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက ပြောပါတယ်။

"စည်ပင်ဧည့်ရိပ်သာမှာ ကျန်ရှိနေသေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက လှုပ်ရှားမှုကို စတင်လိုက်တာဖြစ်တယ်။"

ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေကို မြန်မာ ပြည်သူလူထုက ၂၀၂၀ ရွေးကောက်ပွဲမှာ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ အပ်နှင်းထားပြီးဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024