Homeမြန်မာသတင်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၆ ဦး ခန့်အပ်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၆ ဦး ခန့်အပ်
DVB
·
February 3, 2021
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၆ ဦးကို ခန့်အပ်တာဝန်ကြောင်း စစ်အစိုးရက ဖေဖော်ဝါရီ ၂ ရက်နေ့ညမှာ ထုတ်ပြန်ပါတယ်။
ဦးထွန်းထွန်းဝင်း (နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ ဦးအာကာလင်း (ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ ဦးခွန်ရဲထွေး (ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ တားသိန်းဇော် (ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ ဦးမြင့်ဆွေ (ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ ဦးညီနပ် (ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း) တို့ကို ခန့်အပ်လိုက်တာပါ။