ကိုဗစ်-၁၉ ကြောင့် ပြည်ပမှာ ကာလရှည်ရောက်ရှိနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်ပမှာ ဒုက္ခခံနေထိုင်မယ့်အစား မြန်မာနိုင်ငံကိုပြန်လာနိုင်တာက ပိုပြီး သင့်မြတ်ကောင်းမွန်မယ်လို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ပြန်လာနိုင်ငံဖို့ ကယ်ဆယ်ရေး တိုးမြှင့်ခေါ်ယူမယ်လို့ လည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ဒီကနေ့ ထုတ်ပြန်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတွေကို ရောက်နေပြီး မြန်မာနိုင်ငံကို ပြန်လာချင်ပေမယ့် ကယ်ဆယ်ရေးလေယာဉ်နည်းပါးတာကြောင့် ပြန်ဝင်ရောက်ဖို့ အခက်အခဲတွေကြုံနေရတာလို့လည်း ဆိုပါတယ်။
ဒါကြောင့် တရားဝင်ဖြစ်ဖြစ်၊ တရားမဝင်ဖြစ်ဖြစ် ပြည်ပနိုင်ငံတွေကို ရောက်နေသူတွေကို လုပ်ထုံးလုပ်နည်းနဲ့ စိစစ်ပြီး သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနတွေက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ကယ်ဆယ်ရေး လေယာဉ်၊ ရေယာဉ်တွေနဲ့ တိုးမြှင့်ခေါ်ဆောင်နိုင်ရေး မြန်မြန်လုပ်သွားမယ်လို့ ဆိုပါတယ်။
Photo-MOFA