စီးတီးမတ်အရောင်းဆိုင်တွေကို ဒီကနေ့ကစတင်ပြီး မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ပြောင်းလဲဖွင့်လှစ်သွားမှာဖြစ်ပြီး တိုးကြိတ်ဈေးဝယ်တာမျိုးတွေ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံထား ပါတယ်။
မနေ့က မနက်အစောပိုင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အရေးပေါ်အခြေအနေ ကြောင့် ခုလိုထုတ်ပြန်လိုက်တာဖြစ်ပြီး စီးတီးမတ်အနေနဲ့ ဈေးဝယ်သူမိဘပြည်သူ မိဘပြည်သူတွေရဲ့ လိုအပ်မှုတွေကို တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားဖြည့်ဆည်းပေးသွားမှာဖြစ်ပြီး ဆိုင်ဖွင့်ချိန်တွေပြောင်းလဲမှုရှိရင်လည်း ထပ်မံကြေညာပေးသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ တနှစ်တာ ကာလအရေးပေါ်အခြေအနေ ကြေညာချက်နဲ့ နိုင်ငံအာဏာ သိမ်းကြောင်း စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကြေညာခဲ့ပြီး နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ အရပ်ဘက် နိုင်ငံရေး ခေါင်းဆောင်တွေကို ဆက်လက် ဖမ်းဆီးထားပါတယ်။