Home
မြန်မာသတင်း
ဧရာဝတီတိုင်း ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးအားလုံးကို အကျယ်ချုပ်ထားရှိ
DVB
·
February 2, 2021
144307572_1043840076100335_3404670942227081454_o

တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် အပါဝင် အစိုးရအဖွဲ့ ဝန်ကြီးအားလုံး ပြန်လွှတ်ပေးလိုက်ပြီးနောက် ဝန်ကြီးများအိမ်ရာမှာ အကျုပ်ချုပ်ထားရှိတယ်လို့ သိရပါတယ်။

သူတို့ကို တပ်မတော်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းက ဝန်ကြီးများအိမ်ရာမှာ စစ်တပ်ကလာရောက်ဖမ်းဆီးခဲ့ပြီး တောင်ပေါ်တပ်က တပ်ရင်းတစ်ခုမှာ ထားရှိကာ အဲဒီနေ့ညက ဝန်ကြီးများအိမ်ရာကို ပြန်ပို့ပေးခဲ့တာလို့ ဝန်ကြီးတပါးရဲ့ ကိုယ်ရေးအရာရှိတဦးက ပြောပါတယ်။

"မနေ့က မနက်အစောပိုင်းထဲက လာခေါ်သွားတာ ညပိုင်းကပြန်ပို့ ပေးတယ်။ ကျန်တဲ့သူတွေတော့ မသိသေးဘူး။ ဘယ်မှသွားလို့မရတော့၊ ခုတော့ စစ်သားတွေအစောင့်နဲ့ နေနေရတယ်။”

လက်ရှိမှာ ဧရာဝတီတိုင်း ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးတွေကို ဝန်ကြီးများအိမ်ရာမှာ အကျယ်ချုပ်ထားရှိပြီး ယူနီဖောင်းအပြည့်အစုံနဲ့ သေနတ်ကိုင် တပ်မတော်သားတွေက လုံခြုံရေးရယူထားတယ်လို့ ဆိုပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည့်တို့ကို ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းက ဖမ်းဆီးခဲ့ပြီးနောက် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေကို ဖမ်းဆီးခဲ့တာပါ။

ဒါ့အပြင် တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် အချို့ ကျန်နေသေးတယ်လို့ သိရပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024