Home
မြန်မာသတင်း
ရန်ကုန်မြို့တော်ဝန် နေအိမ်မှာပဲရှိနေ
DVB
·
February 2, 2021
143625499_4018103864880360_1592298974107329730_o
143625499_4018103864880360_1592298974107329730_o

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးအပါအဝင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး တာဝန်ရှိသူတွေအားလုံး နေအိမ်မှာပဲ ရှိနေကြတယ်လို့ တာမွေမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောပါတယ်။

မြို့တော်ဝန်ဟာ ပြီးခဲ့တဲ့ လတွေက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး တောင်ဥက္ကလာအမျိုးသမီးနှင့် ကလေးဆေးရုံမှာ ဆေးကုသခံယူခဲ့ပါသေးတယ်။

“မြို့တော်ဝန်ကြီးက ဆေးရုံကဆင်းပြီး နေအိမ်မှာပဲ ရှိတယ်လို့ သတင်းရပါတယ်။ ဟိုနေ့ကတောင် အွန်လိုင်းအစည်းအဝေး လုပ်ခဲ့သေးတယ်။ ကျန်တဲ့ သူတွေလည်း နေအိမ်မှာပဲ ရှိနေကြတယ်” လို့  ဦးလှသိန်းကပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြို့တော်ဝန်ကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။ 

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း လာခေါ်မယ် သတင်းကြားတဲ့အတွက် စောင့်နေကြပေမယ့်လည်း  ဘယ်သူမှ ရောက်လာတာမရှိသလို  ဘာညွှန်ကြားချက်မှလည်း ပို့တာမရှိဘူးလို့ဆိုပါတယ်။ 

ထူးခြားမှုသတင်းအနေနဲ့ကတော့ ရုံးတွေကို လိုက်စစ်ပြီး ချိတ်ပိတ်တာတွေ လုပ်ဆောင်မယ်လို့ ကြားနေရတယ်လို့ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် ပြည်သူ့တွေရဲ့ဆန္ဒနဲ့  လုပ်ဆောင်ခဲ့တာဖြစ်ပြီး တပ်မတော်အနေနဲ့ အခုလို အာဏာသိမ်းတဲ့ လုပ်ရပ်ဟာ  ပြည်သူ့ဆန္ဒကို လျစ်လှူရှုပြီး မလုပ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့ တာမွေမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024