မြန်မာတပ်မတော်က အာဏာသိမ်းပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအ၀င် အစိုးရအဖွဲ့၀င်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်တချို့ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့အပေါ် ပြစ်တင်ရှုတ်ချကြောင်း ယူကေအစိုးရက သဘောထား ထုတ်ပြန်ပါတယ်။
တပ်မတော်အနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့၊ တရားမ၀င်ဖမ်းဆီးထားတဲ့ လူပုဂ္ဂိုလ်တွေကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်။
လွှတ်တော်ကို ငြိမ်းချမ်းစွာ ပြန်လည်ခေါ်ယူကျင်းပနိုင်ဖို့နဲ့ ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲရလဒ်နဲ့ မြန်မာပြည်သူလူထုဆန္ဒတွေကို လေးစားလိုက်နာဖို့ လိုလားတယ်လို့ ယူကေအစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။