Home
မြန်မာသတင်း
မန္တလေး-ကျောက်ဖြူရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာရန် တရုတ်-မြန်မာလက်မှတ်ထိုး
DVB
·
January 11, 2021
135795651_3602192036523490_1318869679731330851_n
မြန်မာနိုင်ငံ မန္တလေး-ကျောက်ဖြူရထားလမ်းစီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှု (Feasibility Study)ဆိုင်ရာ နားလည်မှုစာချွန်လွှာကို တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံလက် မှတ်ရေးထိုးလိုက်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန် ထားပါတယ်။ ဒီအခမ်းအနားကို ဇန်နဝါရီ ၁၀ ရက်က နေပြည်တော်မှာ ကျင်းပခဲ့ပြီး ပို့ဆောင် ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နဲ့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်းဟိုင်တို့ရှေ့မှောက်မှာ  China Railway Eryuan Engineering Group ကုမ္ပဏီမှ အမှုဆောင်ကိုယ်စားလှယ် ဝန်ဂေါင်လင်းတို့နဲ့ မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးအောင်ဝင်တို့က နားလည်မှုစာချွန်လွှာကို လက် မှတ်ရေးထိုးခဲ့ကြတာပါ။ မန္တလေး-ကျောက်ဖြူရထားလမ်းပိုင်း အပါအဝင် တရုတ်-မြန်မာရထားလမ်း ပူး ပေါင်းဆောင်ရွက်မှုဟာ နှစ်နိုင်ငံ “The Belt and Road” နဲ့ စီးပွားရေးစင်္ကြံ အတူတကွ တည်ဆောက်ရေးရဲ့ အရေးပါစီမံကိန်းဖြစ်လို့  မြန်မာနိုင်ငံမှ များစွာအလေးထားကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရထားလမ်းလုပ်ငန်းအပေါ် ကာလကြာရှည်စွာ ထောက်ခံအားပေး ကူညီတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း၊ ရထား လမ်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ် နိုင်ငံပြည်သူတွေကို အကျိုးကျေးဇူးတွေ ခံစားရစေမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦး သန့်စင်မောင်က ပြောပါတယ်။ တရုတ်သံအမတ်ကြီးကလည်း နှစ်ဦးနှစ်ဖက် ရထား လမ်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဟာ ကပ်ရောဂါအခြေအနေကိုကျော်လွှားပြီး ဆက်တိုက်တွန်းအားပေး ဆောင်ရွက်လျက်ရှိရာမှာ အောင်မြင်မှုတွေဟာ အလွယ်တကူ ရရှိ လာတာမဟုတ်ကြောင်း၊ ဒါဟာ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း စိတ် ဓာတ်ကို သက်ဝင်လှုပ်ရှားစွာ ဖော်ပြနေခြင်းဖြစ်ကြောင်း ပြောပါတယ်။ တရုတ်ပြည်တွင်း ယူနန် တာလီမှ ရွှေလီအထိ ရထားလမ်းပိုင်းဟာ ၂၀၂၃ ခုနှစ်ကုန်မှာ ဖောက်လုပ်ပြီးစီးကာ ရထား ပြေးဆွဲနိုင်မှာဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်အထိ ပေါက်ရောက်မှာဖြစ်ပါတယ်။ တရုတ်-မြန်မာရထားလမ်း ချိတ်ဆက်ခြင်းနဲ့ မြန်မာနိုင်ငံပြည်တွင်း ရထားလမ်း ဖောက်လုပ်ခြင်းဟာ မြန်မာနိုင်ငံနဲ့ လူဦးရေ ၁ ဒသ ၄ ဘီလီယံရှိတဲ့ ကြီးမားတဲ့စျေးကွက်ကြီး၊ ကျယ်ပြန့်တဲ့ အာရှ-ဥရောပကုန်းမြေ (Eurasia) ကို ပိုမိုနီးကပ်စွာ ချိတ်ဆက်ပေး နိုင်မှာဖြစ်သလို  မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူလူထုဘဝ ကောင်းမွန်လာရေးအတွက် အ ထောက်အကူပြုနိုင်မယ်လို့ သံအမတ်က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်၊ ဇန်နဝါရီလတုန်းက တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံခရီးစဉ် လာရောက်ခဲ့ချိန်က China Railway Eryuan Engineering Group  ကုမ္ပဏီက မြန်မာနိုင်ငံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနသို့ မူဆယ်-မန္တလေးရထားလမ်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု အစီရင်ခံစာ တင်ပြခဲ့ပြီး တနှစ်အတွင်း နည်းပညာ ငွေကြေးထည့်ဝင်မှုနည်းလမ်းတွေနဲ့   ဆွေးနွေးခဲ့ကြပါတယ်။ ခုအကြိမ်ကတော့ မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်း ဖြစ်မြောက်နိုင်ခြေလေ့လာမှုကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သံရုံး သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024