ည်သူ့လွှတ်တော်မရှိဘူးဆိုလို့ရှိရင် ကျနော်တို့အနေနဲ့ အခွင့်အရေးတွေ ဆုံးရှုံးမယ်လေ။ ကျနော်တို့ ရခိုင်ပြည်သူလူထုတွေရဲ့ စိတ်ဆန္ဒတွေ ခံစားမှုတွေ လိုလားမှုတွေ အပြည့်အ၀ရဖို့အတွက် ကျနော်တို့မှာ ပြောပိုင်ခွင့် ဆိုပိုင်ခွင့်မရှိဘူးပေါ့လေ။ အဲလိုပြောခွင့်ဆိုခွင့်ရမယ့်သူတွေက ကိုယ်စားလှယ်တွေပဲ ပြောနိုင်ဆိုနိုင်မှာလေ အပေါ်က။ အဲဒိအတွက်ကြောင့် ရွေးကောက်ပွဲ ဖြစ်စေချင်တယ်။ သူတို့ကိုတော့ တစ်ဖက်နဲ့တစ်ဖက် အပစ်အခတ်ကတော့ မဖြစ်စေချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သူတို့နှစ်ဦးနှစ်ဘက်ဖြစ်နေတော့ ကျနော်တို့ ပြည်သူလူထုအနေနဲ့ စိတ်ဆင်းရဲရတယ်။ ဒီမှာဒါဖြစ်လိုက် ဟိုဟာဖြစ်လိုက်နဲ့ ဖြစ်နေကြရင်ပေါ့လေ။ ဟိုမှာတိုက်ပွဲဖြစ်လိုက် ဒီမှာတိုက်ပွဲဖြစ်လိုက် အခုဆိုတိုက်ပွဲရပ်လိုက်တယ် ဆိုတော့ ၀မ်းသာပါတယ်။"
ဒေါ်ခင်ကြည်(မလကျွန်းကျေးရွာ)
"ရခိုင်ပြည်နယ်က ၀န်ကြီးချုပ်ဖြစ်သွားရင် ရခိုင်ပြည်နယ်အတွက်တော့ ဘာမှမထူးဆန်းဘူးလို့ ထင်တယ်။ ကျမအနေနဲ့တော့ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရသရွေ့ ကိုယ်ပိုင်စီမံ အုပ်ချုပ်ပိုင်ခွင့်မရသရွေ့တော့ ဘယ်သူပဲ ၀န်ကြီးချုပ်ဖြစ်ဖြစ် မထူးဆန်းဘူးလို့တော့ ကျမထင်တယ်။ တိုးတက်မှုရှိမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အပေါ်ကပဲ ဆုံးဖြတ်ရတာကိုး။ ပြည်သူတစ်ယောက်အနေနဲ့ကတော့ ငြိမ်းချမ်းရေးယူစေချင်တာပေါ့။ ရက္ခိုင့်တပ်တော်(အေအေ) ရယ် တပ်မတော်ရယ် ဆွေးနွေးပွဲလုပ်ပြီးတော့ငြိမ်းချမ်းရေးရစေချင်တယ်။ ဒါမှ ပြည်သူလူထု အနေနဲ့လည်း စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ လုပ်ကိုင်စားသောက်လို့ရမယ်လို့ ကျမထင်ပါတယ်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဖြစ်လို့ရှိရင် ရခိုင်ပြည်နယ်တစ်ခုလုံးအတွက် ရှေ့ကနေပြီး မားမားမတ်မတ် ပြည်သူတွေစိတ်ချရအောင် လူ့အခွင့်အရေးချိုးဖောက်မှုတွေမရှိရအောင် အားလုံး ကို တရားမျှတမှုရှိအောင် ကိုယ်ပိုင်စီမံ အုပ်ချုပ်ပေးဖို့လိုချင်ပါတယ်။" ကိုဉာဏ်လင်းထွန်း(ကင်းလောင်းချွိန်ကျေးရွာ) "ရွေးကောက်ပွဲအဆင့်ဆင့်မှာ ကျနော်တို့ ဒေသက သိပ်တော့လည်း ထူးခြားမှုမရှိပါဘူး။ ဒီလိုပဲသွားနေကြတာပဲ ရွေးကောက်ပွဲလုပ်ဖြစ်တော့လည်း ဒီလိုပါပဲ။ မလုပ်ဖြစ်တော့လည်း ဒီလိုပါပဲ။ ဘာမှထူးခြားတာမရှိပါဘူး။ ပြည်သူတစ်ယောက်အနေနဲ့ကတော့ ကျနော်တို့က ငြိမ်းချမ်းရေးကိုပဲ အလိုရှိတာပေါ့။ ငြိမ်းချမ်းသွားရင် ကျနော်တို့ ပြည်သူတွေက ငြိမ်းငြိမ်းချမ်းချမ်း မိမိစီးပွားရေးကို မိမိ လုပ်ကိုင်စားသောက်နိုင်မှာပေါ့။ ကျနော်တို့က နိစ္စဓူဝ တစ်နေ့လုပ်မှ တစ်နေ့စားရတာ အဲဒိတော့ ကျနော်တို့က ပြေးရလွှားရ ဟိုလူ့ကြောက်ရ ဒီလူ့ကြောက်ရ ဆိုရင်တော့ ဘယ်လိုမှ ကျနော်တို့ဘ၀က ရှင်သန်နိုင်မှာမဟုတ်ဘူး ဒါကြောင့်မို့ ကျနော်တို့က ငြိမ်းချမ်းရေးကိုတော့ အပြည့်အ၀ မျှော်လင့်တယ်။ လုပ်ပေးရင်ကတော့ အတတ်နိုင်ဆုံး ငြိမ်းချမ်းရေးကိစ္စကိုပေါ့။ အတတ်နိုင်ဆုံး ငြိမ်းချမ်းရေးရအောင် ကျနော်တို့ နေရာ ထာ၀ရငြိမ်းချမ်းအောင်ပေါ့ ဒါတော့လုပ်ပေးစေချင်တယ်။" ကိုမင်းသန်းဌေး(ကလန့်တဲ့ကျေးရွာ) "မကျင်းပခဲ့တဲ့နေရာတွေကို ကျင်းပစေချင်တယ်။ အခုက အဆင်ပြေတဲ့နေရာ အဲလိုလုပ်လိုက်ပေမယ့် အခုလုပ်လိုက်ရင်လည်းပဲ မပြီးသေးဘူးလေ။ အကုန်လုံးမလုပ်နိုင်ဘူးလေ။ ဒါပေမဲ့ ပြည်သူတွေအကုန်လုံးရဲ့မဲတွေကိုတော့ သူတို့မရဘူးပေါ့။ အဲဒါကြောင့်မို့လို့ အကုန်လုံးက စစ်မှန်တယ်လို့တော့ ပြောလို့မရဘူးပေါ့။” “ခေါင်းဆောင်ဆိုတာ နံပါတ်တစ်အချက်က အတိတ်ရယ်၊ လက်ရှိရယ်၊ အနာဂတ်ရယ်ကို ပြည်သူထက်ကြိုမြင်ပြီးတော့ မျှတတဲ့ နှလုံးသားရှိဖို့လိုတယ်။ အဓိကအချက်က မျှတဖို့လိုတယ်။ ပညာထက်မျှတမှပဲ လွှမ်းမိုးခံရတဲ့ အောက်ကပြည်သူက အေးချမ်းမယ်လေ။ မအေးချမ်းဘူးဆိုတာက အပေါ်က မမျှတလို့ပေါ့။ အဲဒါကသေချာတယ်လို့ ကျနော်တို့ အဲလိုပဲ ယုံကြည်ပါတယ်။ ကိုယ်တတ်နိုင်တဲ့ဘက်က ရခိုင်လူမျိုးတွေရဲ့ လုံခြုံရေးပေါ့နော် ကျန်းမာရေး လုံခြုံရေး အပိုင်းတွေကတော့ အများကြီးပေါ့နော် တတ်စွမ်းသလောက် ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်ပေါ့။ တိုင်တိုင်ပင်ပင်နဲ့ ခေါင်းဆောင်တွေ တစ်ယောက်နဲ့တစ်ယောက် ပါတီတွေ တစ်ခုနဲ့တစ်ခု မတည့်တဲ့နောက်မှာ အဆင်မပြေတဲ့နောက်မှာ ပြည်သူကို အဲ့လိုမျိုး နွေးထွေးမှု အားနည်းမယ်။ လုံခြုံမှုတွေအားနည်းမယ်။ အဲလိုမျိုးဟာတွေကို တစ်ယောက်နဲ့တစ်ယောက် ညှိညှိနှိုင်းနှိုင်းနဲ့ နွေးထွေးမှုပေးပါလို့ အဲလိုပဲ ပြောချင်ပါတယ်။"