Homeမြန်မာသတင်း
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ကျင်းပမည့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ထပ်မံရွှေ့ဆိုင်း
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ကျင်းပမည့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ထပ်မံရွှေ့ဆိုင်း
DVB
·
January 7, 2021
မြန်မာနိုင်ငံ၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ကျင်းပမယ့် မဲခေါင်ခရီးသွား လုပ်ငန်းဖိုရမ်ကို ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံး (အမ်တီစီအို)က ထုတ်ပြန်ထားပါတယ်။
"Achieving Balanced Tourism" ခေါင်းစဉ်နဲ့ ဒီဖိုရမ်ကို ပုဂံမှာ ပြီးခဲ့တဲ့ နှစ်ကတည်းက ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့ပွားမှု အခြေအနေတွေကြောင့် ၂ ကြိမ်ရွှေ့ဆိုင်းခဲ့ရပြီး အခုနှစ် ဖေဖော်ဝါရီမှာ ကျင်းပဖို့ ကြေညာထားခဲ့တာပါ။
ဒါပေမဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေနဲ့ ခရီးသွားလာမှု ပိတ်ပင်ကန့်သတ် ချက်တွေ အပါအဝင် လူပေါင်း ၃၀၀ ကျော်လောက် တက်ရောက်ကြမယ့် ဖိုရမ်ကျင်းပမှုဟာ ခုလိုကာလမျိုးမှာ အဆင်ပြေနိုင်မှာ မဟုတ်တဲ့အတွက် အမ်တီစီအိုနဲ့ မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနတို့ ဆွေးနွေးညှိနှိုင်မှုတွေအရ လာမယ့် စက်တင်ဘာလကို ထပ်မံပြီးတော့ ရွှေ့ဆိုင်းလိုက် တာလို့ ဆိုပါတယ်။
မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးတွေနဲ့ မဲခေါင်ခရီးသွား လုပ်ငန်းဖို ရမ်ကို အဖွဲ့ဝင်နိုင်ငံတွေမှာ အလှည့်ကျကျင်းပနေတာဖြစ်ပြီး ခုလာမယ့် ဖိုရမ်ကတော့ မြန်မာ နိုင်ငံမှာ ကျင်းပဖို့ ဖြစ်လာခဲ့တာပါ။
ပုဂံဒေသဟာ သိပ်မကြာသေးခင်ကမှ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဒေ သတခုအနေနဲ့ ယူနက်စကိုအဖွဲ့ရဲ့ အသိအမှတ်ပြုရွေးချယ်ခံထားခဲ့ရတာမို့ ခုလိုကျင်းပ ခွင့်ရတာက မြန်မာနိုင်ငံရဲ့ ခရီးသွားပုံရိပ်ကို နိုင်ငံတကာခရီးသွားတွေကြားမှာ မြှင့်တင် နိုင်ဖို့ မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်။