အခြေခံလူတန်းစားများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက စားသောက်ကုန်များထောက်ပံ့ပေးနေ
DVB
·
December 15, 2020
ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ လက်လုပ်လက်စား အိမ်ထောင်စုတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ပေးနေပါတယ်။
ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာ(၅)ခုက လက်လုပ်လက်စား အိမ်ထောင်စု ၃၂၇ စုအတွက် အခြေခံစားသောက်ကုန်တွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက မြို့နယ်လွှယ်တော်ကိုယ်စားလှယ်တွေ၊ We Love Kungyangon အဖွဲ့ဝင်တွေနဲ့အတူ လှူဒါန်းခဲ့ပါတယ်။
တစ်အိမ်ထောင်စုကို ပစ္စည်းတန်ဖိုးက ကျပ် ၁၅၀၀၀ ဝန်းကျင်ရှိတဲ့ ဆန် ၈ ပြည်၊ ဆီ ၁ လီတာ၊ ငါးသေတ္တာ ၂ ဘူးနဲ့ နှာခေါင်းစီး ၁၀ ခုစီ လှူဒါန်းခဲ့တာပါ
ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ တစ်နိုင်ငံလုံး လိုအပ်နေပေမယ့် အဓိကခက်ခဲတဲ့နေရာတွေ လေ့လာရတာရှိသလို အကူအညီတောင်းခံလာတဲ့ နေရာတွေကို လှူးဒါန်းရတာဖြစ်တယ်လို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ Operation Manager၊ ဦးထွန်းလှစိုးက ပြောပါတယ်။
ပုံမှန်က ဆန် ၈ ပြည်နဲ့ ဆီ ၁ လီတာကိုသာ လှူဒါန်းပြီးအလှူရတဲ့ပစ္စည်းက တစ်နေရာနဲ့ တစ်နေရာ ကွာဟမှုရှိတယ်လို့လည်း ဆိုပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေနဲ့ နိုဝင်ဘာလက စတင်ထောက်ပံ့ခဲ့ပြီး တစ်လအတွင်း လှူဒါန်းခဲ့တဲ့ အိမ်ထောင်စုပေါင်း ၈၀၀၀ လောက်ရှိကာ ရန်ကုန်တိုင်းက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
သတင်း- လွင်မိုးအောင်