Home
မြန်မာသတင်း
တပ်မတော်က တရားစွဲထားသည့် မသဉ္ဇာသန်းမင်းကို  ထောင် ၉ လ ချမှတ်
DVB
·
December 4, 2020
128930906_3450749994973294_2823107408353811066_n
ကြံ့ခိုင်ရေးပါတီကို မဲပေးဖို့ တပ်ထဲမှာ ဖိအားပေးခံရတယ်လို့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့တဲ့ မသဉ္ဇာသန်းမင်းကို ဒီဇင်ဘာ ၄ ရက်နေ့ ရုံးချိန်းမှာ မြို့နယ်တရားရုံးက ထောင် ၉  လ ချမှတ်လိုက်ပါတယ်။  ပခုက္ကူမြို့နယ် အမှတ် ၂၃၅ ခြေလျှင်တပ်ရင်းမှာ  မိဘတွေနဲ့အတူ နေထိုင်သူ မသဉ္ဇာသန်းမင်းဟာ လူမှုကွန်ယက်ပေါ်မှာ Live လွှင့်ခဲ့တာကြောင့် တပ်မတော်ဂုဏ်သိက္ခာ ကျဆင်းစေတယ်ဆိုပြီး ရာဇသတ်ကြီး အကြည်ညိုပျက်စေမှု  ပုဒ်မ ၅၀၅(က) နဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က တပ်မတော်က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။  အမှုရင်ဆိုင်ရချိန်မှာ သူနဲ့ သူ့မိသားစုဝင်တွေကို အပြင်လူတွေ တွေ့ဆုံခွင့်မရခဲ့ဘဲ အန်အယ်လ်ဒီ ပါတီ ဘက်က တာဝန်ရှိသူတွေအနေနဲ့ သူ့ကို ကူညီပေးဖို့အတွက် ကြိုးစားကြပေမယ့်လည်း တွေ့ဆုံခွင့် မရခဲ့ကြပါဘူး။  သတင်း - ခင်ပြည့်စုံဝင်း  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024