Home
မြန်မာသတင်း
အုတ်ဖိုမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးနှင့် မိသားစုဝင် ၁ ဦးတို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ
DVB
·
December 2, 2020
127639749_2957682987797682_1896724453630446460_o
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာနယ်မြေရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင် တစ်ဦးနဲ့ မိသားစုဝင် တစ်ဦးတို့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ အုတ်ဖိုကျန်းမာရေးဦးစီးဌာနရဲ့ ဒီဇင်ဘာ ၁ ရက်နေ့ ည‌နေ ထုတ်ပြန်ချက်အရ သိရပါတယ်။ အုတ်ဖိုမြို့နယ်မှာ ဒေသခံ ၅၃ ဦးကို အမြန်စစ်ကိရိယာ RDT Test Kit နဲ့ စစ်ဆေးရာမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ မိသားစုဝင် တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ အခုပိုးတွေ့တဲ့ ရဲတပ်ဖွဲ့ဝင်ဟာ အရင်က စခန်းအတွင်းရှိ အတည်ပြုလူနာတွေနဲ့ ထိ‌တွေ့မှုရှိတာကြောင့် နိုဝင်ဘာ ၂၉ ရက်နေ့က RDT Test kit ဖြစ်စစ်ဆေးရာ ရောဂါပိုးမတွေ့ရှိပဲ ၃၀ ရက်နေ့မှာ ဖျားနာ ချောင်းဆိုးလာတဲ့အတွက် ဒီနေ့စစ်ဆေးရာ ရောဂါပိုး တွေ့ရှိခဲ့တာလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးအေးမင်းထွန်းက ပြောပါတယ်။ RDT Test Kit နဲ့ စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိသူတွေကိုလည်း ဓာတ်ခွဲနမူနာယူပြီး ပေးပို့ စစ်ဆေးသွားဖို့ရှိတယ်လို့  ဦးအေးမင်းထွန်းက ပြောပါတယ်။ အုတ်ဖိုမြို့နယ် အေးမြသာယာနယ်မြေရဲစခန်းဝန်းမှာ ဒီဇင်ဘာ ၁ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ အချုပ်သား ၃ ဦးနဲ့ မိသားစုဝင် ၁ ဦး ရှိတယ်လို့သိရပါတယ်။ အုတ်ဖိုမြို့နယ်မှာ ဒီဇင်ဘာ ၁ ရက်နေ့အထိ အတည်ပြုလူနာ ပေါင်း ၁၁၇ ဦးထိရှိလာပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၈၅ ဦး၊ ဆေးကုသပေးနေသူ ၃၂ ဦး ရှိတယ်လို့ သိရပါတယ်။ သတင်း - သက်နိုင်ဝင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024