ကိုဗစ်ကြောင့် မြန်မာ့ကလေးငယ် ၂ သန်းခန့် ဆင်းရဲတွင်းထဲ ကျရောက်နိုင်ဟု UNDP ပြော
DVB
·
November 20, 2020
ကြားဝင်ပံ့ပိုးမှုများမရှိဘူးဆိုရင် မြန်မာနိုင်ငံရှိ ကလေးငယ်နောက်ထပ် ၂ သန်းလောက် ဆင်းရဲတွင်းထဲ ကျရောက်မယ်လို့ မြန်မာနိုင်ငံဗဟိုစာရင်းအင်းအဖွဲ့၊ ယူနီဆက်နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ မကြာသေးမီနှစ်တွေမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရာမှာ ကြီးမားတဲ့ တိုးတက်မှုတွေ ရရှိခဲ့ပေမဲ့ မြန်မာနိုင်ငံ ဗဟိုစာရင်းအင်းအဖွဲ့၊ ယူနီဆက်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့က လုပ်ဆောင်တဲ့ လေ့လာသုံးသပ်မှုတွေအရ ကိုဗစ်-၁၉ ရောဂါဟာ အခုနှစ်အကုန်ပိုင်းလောက်မှာ နိုင်ငံအတွင်းရှိ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ် အရေအတွက်ကို နှစ်သန်းခန့်အထိ ထပ်မံတိုးမြင့်လာစေမယ့် လူမှုစီးပွားအကြပ်အတည်းတခုကို ဖြစ်ပေါ်လာစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာဟာ ကလေးသူငယ် ဆင်းရဲနွမ်းပါးမှုက မြန်မာနိုင်ငံတွင်း အညွှန်းကိန်းအသစ်တခုဖြစ်ပြီး၊ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုတွေမှာ နေထိုင်ကြရတဲ့ အသက် ၁၈ နှစ်အောက် ကလေးအရေအတွက်ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ကောက်ယူထားပြီး မြန်မာ့နေထိုင်မှု အခြေအနေပြ စစ်တမ်းအဖြစ် ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်ခဲ့တာပါ။
ဒီအစီရင်ခံစာမှာ အစိုးရ၊ ဖွံ့ဖြိုးရေးမိတ်ဖက်တွေနဲ့ အခြားဆက်စပ်ပါဝင်သူတွေအား ကိုဗစ်-၁၉ ရောဂါအပေါ် ထိရောက်တဲ့ လူမှုစီးပွားအရ တုံ့ပြန် ဖြေရှင်းမှု တစ်ခုရရှိစေမယ့် မူဘောင်တခု ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
ဇာခြည်