ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီထံ UWSA ခေါင်းဆောင် ဂုဏ်ပြုသဝဏ်လွှာပို့
DVB
·
November 18, 2020
ရွေးကောက်ပွဲအနိုင်ရတဲ့အတွက် ဝမ်းမြောက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ UWSA ‘ဝ’ အထူးဒေသ (၂) ဥက္ကဋ္ဌ ဦးပေါက်ယူချမ်းက ဂုဏ်ပြုသဝဏ်လွှာ နိုဝင်ဘာ ၁၆ ရက်နေ့က ပေးပို့လိုက်တယ်လို့ UWSA ‘ဝ’ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းထံက သိရပါတယ်။
UWSA က ပေးပို့တဲ့ သဝဏ်လွှာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိတာကို ဝမ်းမြောက်စွာဂုဏ်ပြုကြောင်းနဲ့ တနိုင်ငံလုံး အမျိုးသားရင်ကြားစေ့ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကြိုးပမ်းမှုခရီးစဉ်မှာ ကြီးမားတဲ့ အောင်မြင်မှုရရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါတယ်လို့ ရေးသားဖော်ပြထားပါတယ်။
‘ဝ’ အထူးဒေသမှာ ရွေးကောက်ပွဲကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ UWSA ခေါင်းဆောင်တွေ ကြိုတင်ညှိနှိုင်းဆွေးနွေးတာတွေရှိခဲ့ပေမယ့် မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်း၊ နားဖန် မှာ ၂၀၁၀၊ ၂၀၁၅ ၊၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေကို ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။
သတင်း-နန်းစပယ်