မင်္ဂလာဒုံမြို့နယ်၌ အစိုးရထောက်ပံ့ကြေးမရသည့် ပြည်သူအချို့ ဆန္ဒပြ
DVB
·
November 13, 2020
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်မှာ အစိုးရထောက်ပံကြေးမရ ရှိသူတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ကို နိုဝင်ဘာ ၁၂ ရက်ည ၉ နာရီလောက်က လာရောက်ဆန္ဒပြခဲ့ကြပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူတွေက အစိုးရ ထောက်ပံကြေး ပေးဖို့ စာရင်းကောက်ယူရာမှာ စတုတ္တအကြိမ်ထိ ထောက်ပံ့ငွေတစ်ကြိမ်တစ်ခါမျှမရရှိသေးတဲ့အတွက် အခြေခံအိမ်ထောင်စုဝင် ပြည်သူအင်အား ၁၅၀ လောက်က ဆန္ဒပြခဲ့ကြတာပါ။
ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ ပုံမှန်ဝင်ငွေမရှိတဲ့ မြန်မာနိုင်ငံဝန်းက အခြေခံလူတန်းစားပြည်သူ လူထုတွေအတွက် စတုတ္တအကြိမ် ကူညီထောက်ပံ့ပေးဖို့ အစိုးရက လုပ်ဆောင်နေတာဖြစ်ပါတယ်။
သတင်း - ခိုင်ပန်းနု