Music Zone KTV ဆိုင်ပိုင်ရှင်နှင့် မန်နေဂျာတို့ကို ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိ
နေလင်းအောင်
·
November 10, 2020
Music Zone KTV ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာတို့ အင်းစိန်အကျဉ်းထောင်မှာ ကျန်းမာရေးစစ်ဆေးမှုခံယူနေရတာကြောင့် ဒီကနေ့ရုံးထုတ်စစ်ဆေးခြင်းမရှိခဲ့ပါဘူး။
ကိုဗစ်ကာလမှာ အစိုးရရဲ့ထုတ်ပြန်ချက်မလိုက်နာဘဲ KTV ဆိုင်ဖွင့်ခဲ့တဲ့ သင်္ဃန်းကျွန်း မြို့နယ်က Music Zone KTV ဆိုင်ပိုင်ရှင် ဦးဇော်မင်းနဲ့ မန်နေဂျာတို့ကို သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆိုထားတာပါ။
နို၀င်ဘာ ၁၀ ရက်နေ့ သင်္ဃန်းကျွန်းမြို့နယ်တရားရုံမှာ ရုံးထုတ်ဖို့စီစဉ်ထားပေမဲ့ အင်းစိန်အကျဥ်းထောင်မှာ ကျန်းမာရေးစစ်ဆေးမှုခံနေရတာ ကြောင့် ဒီကနေ့မှာ ရုံးထုတ်ခဲ့ခြင်းမရှိခဲ့ဘူးလို့စွပ်စွဲခံရသူဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးဇော်သိန်းထွန်းက ပြောပါတယ်။
ဒီအမှုနဲ့ပတ်သတ်ပြီး ဘယ်နှစ်လအတွင်း အပြီးသတ်စစ်ဆေးမယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ နောက်အပတ်ရုံးချိန်းကိုတော့ နို၀င်ဘာ ၂၄ ရက်နေ့မှာ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။
Music Zone KTVဆိုင်နဲ့ ဆက်နွှယ်ပြီး ပြည်တွင်းမှာ လူပေါင်း ၁၀၀ နီးပါးလောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပါတယ်။