Home
မြန်မာသတင်း
မြန်မာရွေးကောက်ပွဲ ငြိမ်းချမ်းစွာကျင်းပနိုင်ခဲ့သည့်အပေါ် ဂျပန်အစိုးရကြိုဆို
DVB
·
November 9, 2020
123868454_430443031675539_8596710671804764915_n
မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ အကောင်အထည်‌ဖော် ကျင်းပနိုင်ခဲ့တဲ့အတွက်  ကြိုဆိုကြောင်းနဲ့  မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို ဆက်လက်ကူညီပံ့ပိုးသွားမယ်လို့  ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီကနေ့  သတင်းထုတ်ပြန်ပါတယ်။  ၂၀၁၅ ခုနှစ်က ကျင်းပခဲ့တဲ့ သမိုင်းဝင်အထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံသားတွေ ရွေးကောက်တင်မြှောက်ခဲ့တဲ့ အစိုးရပေါ်ပေါက်လာပြီးနောက်ပိုင်း ပထမဦးဆုံး ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့ကြောင်း၊ ရွေးကောက်ပွဲရလဒ်တွေကို တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမဲ့  အခုအထွေထွေရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ အကောင်အထည်‌ဖော် ကျင်းပနိုင်ခဲ့တဲ့အတွက်  ကြိုဆိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကူးပြောင်းရေး ဖြစ်စဉ်မှာ အရေးကြီးတဲ့ မှတ်တိုင်တစ်ခုဖြစ်ပြီး တရားမျှတပြီး ပွင့်လင်းမြင်သာမှုပြည့်ဝတဲ့ ရွေးကောက်ပွဲ ပေါ်ပေါက်လာစေရေးကို အထောက်အကူပြုဖို့  ဂျပန်နိုင်ငံအစိုးရက ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ ဦးဆောင်တဲ့  ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ကို စေလွှတ်ခဲ့တယ်လို့ဆိုပါတယ်။ မစ္စတာ ဆာဆာကာဝါရဲ့ သတင်းပို့ချက်အရ မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲဟာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေး စီမံချက်တွေ လုပ်ဆောင်ရင်း တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အခု ရွေးကောက်ပွဲရလဒ်တွေကိုအခြေခံပြီး မြန်မာနိုင်ငံသားတွေရဲ့ သဘောထားဆန္ဒကို ထင်ဟပ်စေမယ့် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးကို ရှေ့ဆက် ပိုမိုလုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ကြောင်း၊ ဂျပန်နိုင်ငံက ဘက်ပေါင်းစုံက အစွမ်းကုန် ဆက်လက်ကူညီပံ့ပိုးသွားမှာဖြစ်ပြီး နှစ် ချစ်ကြည် ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ပိုမိုတိုးမြှင့်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲရုံတွေမှာ အသုံးပြု ဖို့  အလွယ်တကူဖျက်ပစ်လို့ မရတဲ့ မင်ရည်တွေကို ထောက်ပံ့ကူညီပေးခဲ့ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024