Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကူးစက်ခံရသူထပ်တွေ့သဖြင့် မန္တလေးကုန်စိမ်းတန်း ညစျေးတွင် ဆိုင်ခန်းများထပ်ပိတ်
DVB
·
November 3, 2020
123603457_1304159983282095_807272596823269340_o
123572098_1304158956615531_7325358180094855985_o
123367864_1304159033282190_8176976375660740982_o
123337131_1304158853282208_3202201523919424_o
123281142_1304159149948845_1507185175832918073_o
123141192_1304159773282116_3461613039261938998_o
123120310_1304158753282218_8507928746408802421_o
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ကမ်းနားလမ်းက ၄၁ လမ်း ကုန်စိမ်းတန်း ညစျေးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ထပ်တိုးလာတာကြောင့် ကုန်စိမ်းရောင်းချတဲ့ ဆိုင်ခန်း ၁၃၁ ခန်းကို  နိုဝင်ဘာ ၂ ရက်ကစပြီး ခဏပိတ်ခိုင်းထားတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကနေ သိရပါတယ်။ အဆိုပါစျေးမှာ အောက်တိုဘာ ၂၆ ရက်နဲ့ အောက်တိုဘာ ၃၁ ရက်ကစပြီး ကုန်စိမ်းရောင်းချတဲ့ စျေးသည်နှစ်ဦးထံကနေ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာကြောင့် သူတို့နဲ့ ထိစပ်သူ ၂၅ ဦးကို ကွာရန်တင်းထားရှိပြီး စမ်းသပ်ခဲ့ရာ နိုဝင်ဘာ ၁ ရက် ညပိုင်းက အတည်ပြုလူနာ ၅ ယောက်ထပ်မံ တွေ့ရှိခဲ့တာဖြစ်ပါတယ်။  မန္တလေးစည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က “တွေ့တာနဲ့ တပြိုင်တည်း ချက်ချင်းပဲ ပိုးဆက်ပြီးမပြန့်ပွားအောင် ဖြတ်တောက်လိုက်တာပေါ့၊ ဒီလိုဟာမျိုးအရင်စျေး ၆ စျေးမှာလည်း လုပ်ဖူးတယ်၊ ကုန်စိမ်းတစ်ယောက်ကို စတွေ့တယ်၊ နောက် ငါးချဉ်တို့ ပုစွန်ချဉ်သည်တို့မှာ ထပ်တွေ့တယ်၊ သူတို့နဲ့ဆက်စပ်တဲ့ ၂၅ ယောက်ကို ကွာရန်တင်း ဝင်ခိုင်းလိုက်ပြီး စစ်လိုက်တဲ့အခါမှာ ၅ ယောက် ထပ်တွေ့တယ်၊ သူတို့နဲ့ထိစပ်ပတ်သက်တဲ့ ၁၃၁ ဆိုင်ကို ခဏ ပိတ်လိုက်တာပါ”လို့ ပြောပါတယ်။ ၄၁ လမ်း ကုန်စိမ်းတန်း ညစျေးမှာ ဆိုင်ခန်းပေါင်း ၁၃၀၀ ကျော်ရှိတာဖြစ်ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ကိုဗစ်-၁၉ ကူးစက်မှုကို ကာကွယ်နိုင်ဖို့ ညွှန်ကြားချက်တွေ၊ စီမံဆောင်ရွက်ပေးမှုတွေ ပြုလုပ်ထားပေမယ့် ဈေးသည်အချို့ကတော့ လိုက်နာမှု အားနည်းနေဆဲ ဖြစ်ပါတယ်။ မန္တလေးမြို့မှာ နိုဝင်ဘာ ၂ ရက်နေ့ ည ၁၀ နာရီအထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း ၁,၉၈၉ ယောက်ရှိပြီဖြစ်ပြီး ၉  ယောက်သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ သတင်း - ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024