Home
မြန်မာသတင်း
အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ လှေအစီး ၅၀၀ ခန့်ဖြင့် အင်အားပြမည့်အစီအစဉ် ဖျက်သိမ်း (ဓာတ်ပုံ)
DVB
·
October 30, 2020
1111111111111111111
111111111111111111
11111111111111111
1111111111111111
111111111111111
11111111111111111

အင်းအမျိုးသားအဖွဲ့ချုပ်ပါတီက အောက်တိုဘာ ၃၀ ရက်က အင်းထဲမှာ လှေအစီး ၅၀၀ ဝန်းကျင်၊ လူအင်အား သောင်းချီပြီး အင်အားပြမဲဆွယ်ဖို့ စီစဉ်ထားပေမယ့် ကိုဗစ်-၁၉ စည်းကမ်းချက်ကြောင့် ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။

မဲဆွယ်စည်းရုံးရာမှာ လူ ၅၀ အထက်မကျော်ရလို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်တဲ့အတွက် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီက စီစဉ်ပြီးသား အင်းထဲလှေနဲ့ မဲဆွယ်စည်းရုံးအင်အားပြမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်တာလို့ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီက ပြောပါတယ်။ 

အင်းအမျိုးအဖွဲ့ချုပ်ပါတီအနေနဲ့ တောင်ကြီးမြို့နယ်မှာ ပြည်နယ်လွှတ်တော် ၂ နေရာ၊ ညောင်ရွှေမြို့နယ်မှာ ပြည်နယ်လွှတ်တော် ၂ နေရာနဲ့ ပြည်သူ့လွှတ်တော် ၁ နေရာနဲ့ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ခွန်ရာဇာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024