ဒေါပုံမြို့နယ်တွင် အန်အယ်လ်ဒီ ဝန်းရံထောက်ခံသူများ လှည့်လည် (ဓာတ်ပုံ)
ပြည့်ဘုန်းအောင်
·
October 27, 2020
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာ အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဝန်းရံ ထောက်ခံသူတွေက ရပ်ကွက်တွေထဲ လူအင်အား ၃၀၀ ကျော်နဲ့ လှည့်လည် အင်အားပြခဲ့ကြပါတယ်။