Home
မြန်မာသတင်း
အနောက်တောင်မုတ်သုံလေ နောက် ၂ ရက်အတွင်း ဆုတ်ခွာနိုင်
DVB
·
October 14, 2020
121158966_1784724595015944_5029023679855788837_o
အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကနေ နောက် ၂ ရက်အတွင်း ဆုတ်ခွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်း ထုတ်ပြန်ပါတယ်။ ထူးခြားတဲ့ အခြေအနေကတော့ မနေ့က တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း “နန်က” (Nangka)ဟာ ဟိုင်နန်ကျွန်းကို ဖြတ်ကျော်ပြီးနောက် တုံကင်ပင်လယ်ကွေ့ကို ရောက်ရှိခဲ့ကာ အနောက်ဘက် (မြန်မာနိုင်ငံအလယ်ပိုင်းဘက်) ဆီ ဆက်ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိမှာတော့ မုန်တိုင်းဟာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့(Hanoi)ရဲ့ အရှေ့တောင်ဘက် ရေမိုင် ၁၂၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ ဒီမနက်တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားနည်းနေပြီး ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေတယ်လို့ ဆိုပါတယ်။ ဒီနေ့ညနေအထိ မိုးရွာမယ့်အခြေအနေကတော့ တနင်္သာရီတိုင်းမှာ နေရာအနှံ့အပြား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ လို့ ခန့်မှန်းထားပါတယ်။ ဓာတ်ပုံ- မိုးဇလ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024