Home
မြန်မာသတင်း
ချောက်မြို့တွင် ရည်းစားနှင့်ချိန်းတွေ့ရန် ကွာရန်တင်းစခန်းအပြင်ထွက်သူ အရေးယူခံရ
DVB
·
October 13, 2020
121172885_739894136592129_6978543108764880167_o
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှာ ကွာရန်တင်းဝင်နေသူ တစ်ယောက်ဟာ  ရည်းစားနဲ့ ချိန်းတွေ့ဖို့ ကွာရန်တင်းစခန်းအပြင်ကိုထွက်လာတာကြောင့်  အောက်တိုဘာ ၁၂ ရက်နေ့မှာ သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ အရေးယူလိုက်ကြောင်း ချောက်မြို့မရဲခန်းက သိရပါတယ်။ အောက်တိုဘာ ၁၁ ည ၁၁ နာရီခွဲလောက်က ချောက်မြို့နယ်အဆင့် ကိုဗစ်-၁၉ ကွာရန်တင်း စခန်း ဆောင်ရွက်ထားတဲ့ အမှတ် ၁၀ ရပ်ကွက် မဟာစည်ရိပ်သာမှာ ရန်ကုန်က ပြန်လာပြီး ကွာရန်တင်း ဝင်ရောက်နေသူ အမျိုးသား တစ်ဦးဟာ  ကန့်သတ်နယ်မြေ ပြင်ပထွက်လာကြောင်း စောင့်ကြည့်သူတွေက သိရှိရပြီး မေးမြန်းချိန်မှာ ရည်းစားဖြစ်သူနဲ့ ချိန်းတွေ့ဖို့ ထွက်လာ​တာလို့ ပြောဆိုတာကြောင့် သက်ဆိုင်ကို အကြောင်းကြားသိရခဲ့တာလို့ သိရပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး  ကွာရန်တင်းဝင်နေသူ သန်းမြင့်ထွန်းကို ချောက်မြို့နယ် ဆရာဝန်ကြီးက အောက်တိုဘာ ၁၂ နေခင်းပိုင်းမှာ Antigen Test kit စစ်ဆေးပြီး ပိုးမတွေ့ရှိ ကြောင်းအဖြေရပြီးမှ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစောမြဖောင်းက တရားလိုပြု တိုင်တန်းခဲ့ကြောင်း သိရှိရပါတယ်။ ချောက်မြို့အနေနဲ့ အမှတ် ၁၄ ရပ်ကွက်မှာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၅ ဦး၊  အမှတ် ၁၀ ရက်ကွက် မဟာစည် ရိပ်သာမှာ အမျိုးသား ၃၁  ဦး ကွာရန်တင်း ထားရှိထားကြောင်း သိရပါတယ်။ သတင်း- ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024