Home
မြန်မာသတင်း
ရခိုင်အရေးဆန္ဒပြကျောင်းသားများကို ထောင်ဒဏ်များ ထပ်မံချမှတ်  
DVB
·
October 9, 2020
IMG_0439
IMG_0319
IMG_0286
IMG_0251
IMG_0206
IMG_0120
IMG_0105
IMG_0096
IMG_0022
ရခိုင်ပြည်နယ်အရေး ဆန္ဒပြလို့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားတွေကို အောက်တိုဘာလ ၉ ရက်နေ့က ချမ်းအေးသာဇံမြို့နယ် တရားရုံးက  နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ  ၅၀၅ (က)  (ခ) ၊ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ တို့နဲ့ ရုံးထုတ် စစ်ဆေးပါတယ်။ အဆိုပါ ရုံးချိန်းအပြီးမှာ ဗကသ ကျောင်းသား ကိုရဲရင့်အောင်၊ ကိုစိုးလှနိင်နဲ့  ကိုကျော်သီဟရဲကျော်တို့ကို  ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅  ရက်နေ့ မနက်က  မန္တလေးမြို့ စျေးချို နာရီစင်ရှေ့မှာ အဖိနှိပ်ခံ ရခိုင်ပြည်သူ လူထုနဲ့ အတူရပ်တည်ကြ စာတန်းပါ ပိတ်စကိုင်ကာ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့အတွက်ကြောင့် နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ  ၅၀၅ (က)  (ခ)နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် ကိုစိုးလှနိင်နဲ့ ကိုကျော်သီဟရဲကျော်တို့ကို စက်တင်ဘာ ၁၄  ရက်က ပြုလုပ်တဲ့ တပ်မတော် အလင်းဝင်ပါ စာတန်းပါ စတစ်ကာ ကန်ပိန်းလုပ်ခဲ့တဲ့အတွက် တရားစွဲဆိုပြီး ပုဒ်မ ၅၀၅ (က) အတွက် အလုပ်နဲ့ ထောင်ဒဏ် ၁  နှစ်၊ ပုဒ်မ ၅၀၅ (ခ) အတွက် အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ် တပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ် ခဲ့ပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၁၀  ရက်နေ့က မန္တလေးမြို့ စျေးချိုရှေ့မှာ  ရခိုင်ပြည်နယ်အရေး ဆန္ဒပြသည့်အတွက်ကြောင့် ငြိမ်းစုစီ ဥပဒေဖြင့် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ၉ ဦးကိုလည်း ဒီနေ့  ရုံးချိန်းမှာ  နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ  ၅၀၅ (က)  (ခ)နဲ့ နဲ့ ထပ်မံ စွဲဆိုလိုက်ပါတယ်။ Photo-Kaung Zaw Hein/MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024