Home
သတင်းဓာတ်ပုံ
ကိုဗစ်ကာလ ရှေ့တန်းကတိုက်ပွဲဝင်နေသူများကို ဂရပ်ဖစ်တီရေးဆွဲ အားပေး (ဓာတ်ပုံ)
DVB
·
October 9, 2020
121112819_2794892794101095_5458684746084669982_o
121108894_2794892750767766_7261922579277765143_o
121097388_2794892870767754_2085896886630443825_o
121097065_2794892684101106_8054916604793969561_o
121062222_2794892927434415_8470717902835307269_o
121059126_2794892710767770_911334373541983215_o
120932261_2794892824101092_8025710216776937108_o
120885600_2794892964101078_8997743162359358043_o
မြန်မာနိုင်ငံမှာ ကိုဗစ်ကာလအတွင်း ရှေ့တန်းက တိုက်ပွဲဝင်နေကြသူတွေ အားတင်းထားဖို့ ရည်ရွယ်ပြီး မန္တလေးမြို့ ၂၂ လမ်း၊ ၈၈ လမ်းနဲ့ ၈၉ လမ်းအနီးရှိ ရုံသာအနောက်ရပ်ကွက်လမ်းကြားမှာ ဂရပ်ဖစ်တီ ရေးဆွဲနေပါတယ်။ အဲဒီ ဂရပ်ဖစ်တီ ရေးဆွဲတာကို အောက်တိုဘာ ၇ ရက်ကစတင်တာလို့ လူငယ် ဂရပ်ဖစ်တီပညာရှင် MC Prince (ကိုသန့်ဇင်ဝင်း) က ပြောပါတယ်။ "ကိုဗစ်ကာလ ရှေ့တန်းက တိုက်ပွဲဝင်ပေးနေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ပရဟိတ လူမှုကူညီရေးအဖွဲ့တွေ စတဲ့ သူရဲကောင်းတွေ အားလုံးကို အားတင်းထားဖို့ အားပေးတဲ့အနေနဲ့ သူတို့ ပုံတွေကို ရည်ညွှန်းပုံဖော်ရေးဆွဲထားတာပါ။ သူတို့ပုံဘေးမှာ အမေစုပုံလည်း ထည့်ထားပါတယ်။ သူတို့နဲ့အတူ ဘေးမှာ အမေစုက ကြည့်နေပြီး အားမလျော့ဖို့ အားပေးနေတဲ့ ပုံစံ ရေးဆွဲထားတာပါ။"  အဲဒီ ဂရပ်ဖစ်တီပုံမှာ ဆရာဝန်၊ သူနာပြု၊ ပရဟိတလူမှုကူညီရေးအဖွဲ့တွေ ရဲရဲဝင့်ဝင့် အားအပြည့်နဲ့ ရင်ဆိုင်ဖြတ်ကျော်နေတဲ့ ပုံစံကို ပုံဖော်ရေးဆွဲထားတာဖြစ်ပြီး အောက်တိုဘာ ၈ ရက်မှ အပြီးသတ် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ သတင်း - သော်တာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024