Home
မြန်မာသတင်း
ဆန္ဒမဲပေးသရုပ်ပြအစီအစဉ် အတိုင်ပင်ခံပုဂ္ဂိုလ် ကြည့်ရှု၊  မဲဆန္ဒရှင်များ၏လုံခြုံရေး အဓိကထားရန် တိုက်တွန်း 
DVB
·
October 6, 2020
120721609_2676282439290916_3823672374063092569_o
120703755_2676282465957580_7251597350295264536_o
120656495_2676282485957578_6391020956337264203_o
120645672_2676282399290920_2696032616959220008_o
မဲဆန္ဒရှင်ပြည်သူတွေရဲ့ လုံခြုံရေးကို အဓိကထားဆောင်ရွက်ဖို့အတွက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက ပြောပါတယ်။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အ.ထ.က (၁) ကျောင်းမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲ သရုပ်ပြပေးမှုကို ပြုလုပ်ခဲ့ပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှု မှာကြားခဲ့တာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်နေချိန်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲလာပေးမယ့် ပြည်သူတွေရဲ့လုံခြုံရေးကို သေသေချာချာဆောင်ရွက်ပေးထားဖို့ အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ပြောပါတယ်။ ဆန္ဒမဲပေးသရုပ်ပြအစီအစဉ်ကို  အပိုင်း ၂ ပိုင်းနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းက မဲရုံတစ်ရုံမှာ ဆန္ဒမဲပေးနိုင်ဖို့အတွက် ပြင်ဆင်ထားတဲ့ ပုံစံနဲ့ ပြည်ထောင်စုနယ်မြေနေပြည်တော်က မဲရုံမှာ မဲပေးနိုင်မယ့် ပုံစံတွေကို သရုပ်ပြ ဆောင်ရွက်ခဲ့တာပါ။ ဒါ့အပြင် Stay at Home သတ်မှတ်ထားတဲ့ နယ်မြေတွေက အသက် ၆၀ ကျော်တဲ့ သက်ကြီးပုဂ္ဂိုလ်တွေကို ရွေးကောက်ပွဲ မတိုင်ခင် ၂ ရက်လောက်ကြိုပြီး ကြိုတင်မဲပေးနိုင်ဖို့အတွက်လည်း စီစဉ်နေတယ်လို့လည်း  ဦးခင်မောင်ဦးက ပြောပါတယ်။ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရောက်ရှိဖို့ တစ်လကျော်သာ လိုတော့တာဖြစ်ပြီး အခုလို ဆန္ဒမဲသရုပ်ပြပေးမှုအစီအစဉ်တွေကို ၂ ကြိမ် ၃ ကြိမ် ပြုလုပ်သွားဖို့ ရှိနေတယ်လို့ဆိုပါတယ်။  မဲဆန္ဒရှင်ပြည်သူတွေ ဆန္ဒမဲ ပေးဖို့အတွက် မဲရုံကိုလာရောက်ရာမှာ Social distancing နဲ့အညီ စီတန်းရမှာဖြစ်ပြီး မဲရုံအတွင်း မဝင်ခင်မှာ ကိုယ်ပူချိန် တိုင်းတာ၊ လက်သန့်ဆေးနဲ့ လက်ဆေးခြင်းတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ သတင်း -ဖြိုးသက်ပိုင်မြင့်   ဓာတ်ပုံ- MOI
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024