Home
သတင်းဓာတ်ပုံ
ဗကသကျောင်းသား ၃ ဦးကို ရုံးထုတ်စစ်ဆေး (ဓာတ်ပုံ)
DVB
·
October 1, 2020
IMG_0269
IMG_0224
IMG_0154
IMG_0144
IMG_0140
IMG_0059
IMG_0050
နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ၊ (ခ) ပုဒ်မတွေနဲ့ ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ ဗကသ ကျောင်းသား ၃ ဦးကို အောက်တိုဘာ ၁ ရက်က မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် တရားရုံးမှာ ဒီကနေ့ ရုံးထုတ် စစ်ဆေးပါတယ်။ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် ဆန္ဒထုတ်ဖော်တာကြောင့် ဖမ်းဆီးတရားစွဲခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ကိုစိုးလှနိုင်၊ ကိုရဲရင့်အောင်နဲ့ ကိုကျော်သီဟရဲကျော်တို့ကို ရုံးထုတ်စစ်ဆေးခဲ့တာပါ။ စက်တင်ဘာ ၁၄ ရက်နေ့က မန္တလေးမြို့ ကျုံးဘေးမှာ “တပ်မတော်အလင်းဝင်ပါ” စာသား ကပ်တဲ့အတွက် ကိုစိုးလှနိုင် နဲ့ ကိုကျော်သီဟရဲကျော်တို့ကို ပုဒ်မ ၅၀၅ က၊ ခ တို့နဲ့ အမှုဖွင့်ထားတာပါ။ ဒါ့အပြင် စက်တင်ဘာ ၂၅ မန္တလေးမြို့ စျေးချို နာရီစင်ရှေ့မှာ ဆန္ဒပြမှုနဲ့ ကိုစိုးလှနိုင်၊ ကိုကျော်သီဟရဲကျော်နဲ့ ကိုရဲရင့်အောင်တို့ကို ပုဒ်မ ၅၀၅ (ခ) နဲ့ စတင်စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။ ကိုစိုးလှနိုင်နဲ့ ကိုကျော်သီဟရဲကျော်တို့ကို အမရပူရ မြို့နယ် တရားရုံးမှာလည်း နိုင်ငံတော် အကြည်အညို ပျက်စေမှုနဲ့ အမှုဖွင့်ထားပါတယ်။   Photo - Kaung Zaw Hein / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024