Home
မြန်မာသတင်း
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နယ်မြေအတွင်း လွတ်လပ်စွာ မဲဆွယ်နိုင်
DVB
·
October 1, 2020
120235416_631665967534149_5336875797521675210_o
အန်စီအေ အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) သူတို့အခြေပြုဒေသနဲ့ ဆက်စပ်ဒေသတွေမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲဥပဒေနဲ့အညီ  လွတ်လပ်စွာ မဲဆွယ်နိုင်တယ်လို့ ကြေညာထားပါတယ်။  မဲဆွယ်စည်းရုံးကြတဲ့အခါမှာ လူမျိုး တမျိုးနဲ့တမျိုးအကြား  လူမျိုးရေး ပဋိပက္ခမဖြစ်ပွားစေရေး၊ ပအိုဝ်းအမျိုးသားအချင်းချင်းကြား ပဋိပက္ခမဖြစ်အောင် အထူးဂရုစိုက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။  ကြေညာချက်ပါ PNLO ရဲ့ အခြေပြုဒေသတွေကတော့ မောက်မယ် တစ်မြို့နယ်လုံး နဲ့ ဆက်စပ်ဒေသဖြစ်တဲ့ ဆီဆိုင်အရှေ့ဘက်ဒေသ ဌာနချုပ်တည်ရှိရာ ဗန်းမက်ရွာ၊ ဟန်းဘွားရွာ၊ မိုင်းဟိုင်ရွာ၊ နောင်မီးရဲရွာနဲ့ ထီဟန်းခြွီးရွာ ရွာ ၅ ရွာ ဖြစ်ပါတယ်။  ဓာတ်ပုံရိုက်ကူးချင်ရင်တော့ သက်ဆိုင်ရာဆီက ခွင့်ပြုချက်ရယူပြီးမှသာ လာရောက်ပေးကြဖို့ လိုမယ်လို့  PNLO တွဲဘက်အတွင်းရေးမှူး(၁) ခွန်ထွန်းတင် က ပြောပါတယ်။  ဒါ့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်နဲ့အညီ မဲဆွယ်စည်းရုံး‌ပေးဖို့လည်း တိုက်တွန်းပြောပါတယ်။ မောက်မယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဒေါ်သင်းသင်းနိုင်က “သွားခဲ့တဲ့ ပါတီတွေကတော့ အဆင်မပြေဘူးလို့ ပြောသံမကြားပါဘူး။ ပြဿနာလည်း မရှိပါဘူး” လို့ ပြောပါတယ်။  မောက်မယ်မြို့နယ်တွင်းမှာ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ အပါအဝင် NLD၊ USDP၊ UDP၊ SNLD စတဲ့ နိုင်ငံရေးပါတီပေါင်း ၉ ပါတီက ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ သတင်း - နန်းစပယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024