Home
မြန်မာသတင်း
ခိုင်သင်းကြည်မွေးနေ့ ကိုဗစ်-၁၉ ကုသရေးစင်တာသို့ ငွေကျပ်သိန်း ၄၀ လှူဒါန်း
DVB
·
September 28, 2020
120203183_2220527571426935_872423242005823095_o
120330065_2220526841427008_834264375384480662_o
120192354_2220530264759999_2011208629822972892_o
နာမည်ကြီး သရုပ်ဆောင်မင်းသမီးတလက်ဖြစ်တဲ့ ခိုင်သင်းကြည်က စက်တင်ဘာ လ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့အလှူအဖြစ် ကိုဗစ်-၁၉ ယာယီကုသရေးဌာန(ဧ ရာဝတီစင်တာ)သို့ ငွေကျပ်သိန်း ၄၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဓမ္မဝိဟာရကျောင်းတိုက်ကိုလည်း ဆန်အိတ် ၂၀ လှူဒါန်းခဲ့တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ပရိသတ်တွေအတွက် အသိပေးမျှဝေ ထားခဲ့တာ ဖြစ်ပါတယ်။ ဟာသဇာတ်ရုပ်တွေမှာရော ဒရာမာဇာတ်ရုပ်တွေနဲ့ပါ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် နိုင်ပြီး အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ခဲ့တဲ့ ခိုင်သင်းကြည်ဟာ ၂၀၁၃ ခုနှစ် မှာ “စုန်းပြူး”ရုပ်ရှင်ကားနဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု ကို ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ “ကောင်းကျိုးကိုယ်၌တည်စေမင်း”ရုပ်ရှင်နဲ့ အကောင်း ဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားခဲ့သူ ဖြစ်ပါတယ်။ မနှစ်က ရုံတင်ပြသခဲ့တဲ့ ရုံတင်ဇာတ်ကားတွေထဲက အကယ်ဒမီ ဆန်ကာတင် ဒုတိ ယအဆင့်အဖြစ် ရုပ်ရှင်ကား ၂၉ ကား ရွေးချယ်ထားတဲ့ထဲမှာလည်း ခိုင်သင်းကြည် ပါဝင်သရုပ်ဆောင်ထားတဲ့ “ညစ်တွန်း”၊ “ရိုးမပေါ်ကျတဲ့မျက်ရည်”၊ “စရိုက်” စတဲ့ ရုပ်ရှင် ကားကောင်းတွေ ပါဝင်နေတာမို့ ထပ်မံပြီးတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါ တယ်။ ခုလတ်တလောမွေးနေ့အလှူနဲ့ ပတ်သက်ပြီးတော့ ခိုင်သင်းကြည်က “ရန်ကုန်မြို့ ကြီးနှင့်အတူ မြန်မာပြည်သူပြည်သားများ ကပ်ရောဂါဆိုးမှ အမြန်ဆုံးကင်းဝေးကြပြီး ကျန်းမာချမ်းသာ၍ ပျော်ရွှင်နိုင်ကြပါစေရှင်🙏🙏🙏”လို့ ဆုတောင်းပေးထားခဲ့တာကိုလည်း တွေ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024