အဆင့်မြင့်ပညာ ဝန်ထမ်းနှင့်ကျောင်းသား/သူများ ကိုဗစ်ကာကွယ်ရေး ဝင်ကူခွင့်ပြု
DVB
·
September 26, 2020
ဆရာ/ဆရာမတွေ၊ ကျောင်းသူ/ကျောင်းသားတွေ၊ ဝန်ထမ်းတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ် ကုသရေးမှာ ဝင်ရောက်ကူညီနိုင်တယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနက ခွင့်ပြုလိုက်ပါတယ်။
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက “ကျောင်းတွေကတဆင့် ခွင့်ပြုချက် လာလာ တောင်းနေလို့ အခုလို စာထုတ်ပေးလိုက်တာပါ။ တယောက်ချင်းစီ အကြောင်းပြန်မနေတော့ဘူး” လို့ ပြောပါတယ်။
ဆရာ/ဆရာမတွေ၊ ကျောင်းသူ/ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေဟာ ကိုယ့်ရဲ့ ဆန္ဒအလျောက် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးအပြင် ပရဟိတကူညီရေးလုပ်ငန်းတွေ လုပ်ချင်ရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တယ်လို့ ခွင့်ပြုလိုက်တာပါ။
နိုင်ငံတော်ရဲ့လိုအပ်ချက်အရ ပညာရေးဝန်ကြီးဌာနက ကျောင်းဆောင်၊ အိပ်ဆောင်တွေကို လည်း လိုအပ်ချက်အရ ကွာရန်တင်းစင်တာတွေအဖြစ်လည်း သုံးဖို့ ခွင့်ပြုထားပါတယ်။