“နိုဝင်ဘာ ၈ ဒိုင်ယာရီ”ရွေးကောက်ပွဲမှတ်တမ်းစာအုပ်အတွက် စာမူများဖိတ်ခေါ်
DVB
·
September 25, 2020
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်တော့မယ့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနေ့မှာ ကြုံတွေ့ရတဲ့ ခံစားမှု၊ အတွေ့အကြုံ၊ အမှတ်တရ စာမူတွေကို ပေးပို့နိုင်ကြောင်း ပဲန်မြန်မာအဖွဲ့က ဖိတ်ခေါ်ထားပါတယ်။
အဲဒီနေ့မှာ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေပေါ် ခံစားရေးဖွဲ့ထားတဲ့ စာမူတွေကိုတော့ ရ သဟန်နဲ့ ရေးဖွဲ့ရမှာဖြစ်ကာ ရွေးချယ်ခံရတဲ့ စာမူတွေကို ပဲန်မြန်မာအဖွဲ့က ထုတ်ဝေမယ့် “နိုဝင်ဘာ ၈ ဒိုင်ယာရီ” ရွေးကောက်ပွဲမှတ်တမ်းစာအုပ်မှာ ထည့်သွင်းဖော်ပြပြီး စာမူခချီးမြှင့်သွားမယ်လို့ ဆိုပါတယ်။
ပေးပို့လာတဲ့ ကိုယ်တိုင်ရေးစာမူတွေကိုတော့ မျိုးမြင့်ညိမ်း၊ သူရဿဝါနဲ့ ပန်းကြာညိုတို့ ပါဝင်တဲ့ အယ်ဒီတာအဖွဲ့က ဆုံးဖြတ်ရွေးချယ်သွားမယ်လို့ ဖော်ပြထားပါတယ်။
ပြိုင်ပွဲဝင်စာမူဟာ အေဖိုး (A4) စာရွက် ၂ မျက်နှာထက်မပိုတဲ့ လက်ရေးမူ၊ ဒါမှမဟုတ် စာလုံးဖောင့်ဆိုက် ၁၃ ပွိုင့်နဲ့ စာစီထားတဲ့ စာမူဖြစ်ရမှာဖြစ်ကာ စာမူအောက်ခြေမှာတော့ စာရေးသူရဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေကို ဖော်ပြပေးရမှာ ဖြစ်ပါတယ်။
စာမူတွေကိုတော့ နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားကာ ပဲန်မြန်မာစင်တာ ရုံးခန်း၊ အမှတ် ၇၁၊ ၄ လွှာ၊ မြေနီကုန်းဈေးလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ၀၉ ၄၄၀၀ ၂၂၂ ၈၀ သို့ လိပ်မူပြီး စာတိုက်က ပေးပို့နိုင်သလို အီးမေးလ်လိပ်စာ penmyanmarcenter@gmail.com နဲ့ pna.paingnaingaung@gmail.com တို့ကတဆင့်လည်း ပေးပို့နိုင်ပါတယ်။