Homeမြန်မာသတင်း
“ရွေးကောက်ပွဲမှာဆုံတဲ့ဖူးစာ” ဇာတ်လမ်းတိုကို UEC ဖေ့စ်ဘွတ်ခ်က အပိုင်းလိုက်ထုတ်လွှင့်ပြသ
“ရွေးကောက်ပွဲမှာဆုံတဲ့ဖူးစာ” ဇာတ်လမ်းတိုကို UEC ဖေ့စ်ဘွတ်ခ်က အပိုင်းလိုက်ထုတ်လွှင့်ပြသ
DVB
·
September 23, 2020
မကြာခင်ကာလမှာ ရောက်ရှိလာတော့မယ့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလအတွက် ရည်ရွယ်ရိုက်ကူးထားတဲ့ “ရွေးကောက်ပွဲမှာဆုံတဲ့ဖူးစာ” မဲဆန္ဒရှင် အသိပညာပေးဇာတ်လမ်းတိုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကနေ အပိုင်းလိုက် ထုတ်လွှင့်ပြသနေပါတယ်။
ဒီဇာတ်လမ်းတိုကိုတော့ ဥရောပသမဂ္ဂရဲ့ ရန်ပုံငွေပံ့ပိုးမှုနဲ့ International IDEA က အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ STEP Democracy – ရှေ့သို့မြန်မာ အစီအစဉ်က ပံ့ပိုးကူညီထားတာဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့က ပူးပေါင်းတင်ဆက်လိုက်တာ ဖြစ်ပါ တယ်။
ကိုငယ်(စိတ်ပညာ)၊ ကနုတ်မေ တို့က ဇာတ်ညွှန်းရေးသားထားပြီး ဒါရိုက်တာ ကိုဝဏ္ဏ(မန္တလေး)က ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတိုထဲမှာတော့ သရုပ်ဆောင် အောင်ရဲလင်း၊ ခေးဆက်သွင်တို့နဲ့အတူ မင်းစစ်အောင်၊ ဖူးဝေသာ၊ အံ့မင်းညို၊ စိန်ချစ်၊ ချစ်စုစုဟန်၊ စန္ဒီမြင့်၊ မင်းချစ်သူတို့နဲ့ ကလေးသရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။
ဒီဇာတ်လမ်းတိုကိုတော့ အပိုင်း ၅ ပိုင်းခွဲ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့မှာ ၂ ပိုင်းပြသခဲ့ပြီးဖြစ်ကာ လာမယ့် ၂၃၊ ၂၄၊ ၂၅ ရက်နေ့တွေရဲ့ ညနေ ၆ နာရီတိုင်းမှာ တပိုင်းစီ ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။
ထုတ်လွှင့်ခဲ့ပြီးဖြစ်တဲ့ အပိုင်း ၂ ပိုင်းကိုတော့ အောက်ဖော်ပြပါလင့်ခ်တွေကတဆင့် ပြန်လည်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
အပိုင်း ၁ -
https://www.facebook.com/uecmyanmar/videos/1494086630782378/
အပိုင်း ၂ -
https://www.facebook.com/uecmyanmar/videos/3640853175946123/